သင့်ရဲ့ လှပတဲ့ အနာဂတ်မှာ ချစ်စရာမိသားစုနဲ့ အောင်မြင်ကျော်ကြားတဲ့ ဘဝတစ်ခုကို ရရှိပိုင်ဆိုင်ရလိမ့်မယ်ဆိုတဲ့ အိပ်မက်တစ်ခုမက်ဖူးလား…
ဒီ အနာဂတ်စီမံကိန်းတွေကို အစီအစဉ်ချတဲ့အခါ လုပ်ငန်းတိုးတက်ဖို့၊ မိသားစုကုံလုံပြည့်စုံနေထိုင်နိုင်ဖို့နဲ့ လူမှုရပ်ဝန်းမှာ အောင်မြင်သူတစ်ယောက်အဖြစ်ရပ်တည်နိုင်ဖို့အတွက်ပဲ အစီအစဉ်တွေရေးဆွဲထားလို့ မဖြစ်ပါဘူး...
မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့်သင့်ရဲ့ အိပ်မက်တွေအနာဂတ်အစီအစဉ်တွေ ပျက်စီးသွားနိုင်တယ်ဆိုတာကိုလည်း သတိရဖို့လိုအပ်ပါတယ်...
ဒီလိုမမျှော်လင့်ထားတဲ့ အခြေအနေတွေဆိုတာ သဘာဝဘေးအန္တရာယ်၊ မီးဘေးအန္တရာယ်တွေအပြင် သင့်ရဲ့တစ်နေ့တာလုံး သွားလာလှုပ်ရှားနေရတဲ့ လမ်းမပေါ်က အချိန်တွေမှာပါ အချိန်မရွေးဖြစ်ပေါ်နိုင်ပါတယ်....
ဒါဆို ဒီအခြေအနေတွေကို စိတ်အေးချမ်းသာစွာ ဖြတ်သန်းနိုင်ပြီး အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ သင့်အနေနဲ့ ကြိုတင်အကာအကွယ်ယူထားလိုက်ပါ...
လမ်းမပေါ်က မမျှော်လင့်ထားတဲ့ အခြေအနေတွေကို ဘယ်အရာကကာကွယ်ပေးနိုင်မှာလဲ
ယမ်းအာမခံရဲ့ “မော်တော်ယာဉ်အလုံးစုံအာမခံ” ရှိနေပြီဆိုတာပဲ သတိရလိုက်ပါ...
မော်တော်ယာဉ်အလုံးစုံအာမခံဆိုတာ ဘာလဲ
ယာဉ်မတော်တဆဖြစ်မှုကစလို့ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခြင်း၊ သဘာဝဘေး အန္တရာယ် အမျိုးမျိုးကြောင့် ပျက်စီးခြင်းတွေကနေ သင်ပိုင်ဆိုင်တဲ့ မော်တော်ယာဉ် ပျက်စီးမှုအတွက် အစားထိုးပြင်ဆင်နိုင်ရန် အကာအကွယ် ပေးခြင်း ဖြစ်ပါတယ်....
ဘယ်လိုထားရှိနိုင်မှာလဲ
တရားဝင်မှတ်ပုံတင်ထားတဲ့ လုပ်ငန်းသုံးယာဉ်၊ ကိုယ်ပိုင်ယာဉ်နှင့် အငှားမော်တော်ယာဉ်များသာ ထားရှိခွင့်ရမြှဖစ်ပြီး ၁ နှစ်အထိရွေးချယ်ထားရှိနိုင်မှာဖြစ်ပါတယ်…
ဒီလို ယမ်းအာမခံရဲ့ ကောင်းမွန်ပြည့်စုံတဲ့ ဝန်ဆောင်မှုများနဲ့အတူ အန္တရာယ်အများဆုံးလမ်းမပေါ်ကအချိန်တွေကို စိတ်အေးချမ်းသာ စွာ ဖြတ်သန်းရင်း အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်ပါပြီ....
“တိကျမြန်ဆန် ယမ်းအာမခံ”