Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

“ရင်းနှီးထားသမျှ မဆုံးရှုံးရဖို့”

Category : Article, Insurance | Date : March 12, 2020

အောင်မြင်ဖို့ ၊ ထူးချွန်ဖို့ ၊ ချမ်းသာကြွယ်ဝဖို့ စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးကြောင့် လူသားတွေ ကြိုးစားကြတယ်. ကြိုးစားရင် တစ်ချိန်ချိန်မှာအောင်မြင်မှုရမှာ သေချာတယ် ဆိုပေမယ့် အခက်အခဲတွေများလေလေ အောင်မြင်မှု ရဖို့ နောက်ကျလေလေ ဖြစ်ရတတ်ပါတယ်…

အခက်အခဲတွေဖြစ်လာရင်တော့ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပေမယ့် ကြိုတင်ကာကွယ်ထားလို့ရတာတွေကို ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါပဲ….

ဒါကြောင့် ကုန်စည်ကူးသန်းရောင်းဝယ်ကြတဲ့ ကုန်သည်ကြီးတွေ ၊ ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးသူတွေ အနေနဲ့ ကြိုးစားထားသမျှ အမြတ်အစွန်းတွေရအောင် သယ်ယူ ပို့ဆောင်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ကုန်ပစ္စည်းတွေ ပျက်စီးခဲ့ရရင် ဆုံးရှုံးနစ်နာမှုတွေကို မဖြစ်ရအောင် အာမခံ အကာအကွယ်ကို မဖြစ်မနေ ရယူထားသင့်ပါတယ်…

? ကုန်စည်ပို့ဆောင်ရေးအာမခံမှာ….

(၁)ရေကြောင်းကုန်စည်အာမခံ
– မြစ်တွင်းရေကြောင်းကုန်စည်အာမခံ
– ကမ်းရိုးတန်းကုန်စည်အာမခံ
(၂)ကုန်းလမ်းကုန်စည်အာမခံ ဆိုပြီး အသီးသီးရှိပါတယ်…

ပရီမီယံနှုန်းထား အနေနဲ့…

အာမခံထားသည့် ငွေအပေါ်တွင်မူတည်၍ တွက်ချက်ပါတယ်. ကုန်ပစ္စည်းအမျိုးအစား၊ မြစ်တွင်း ၊ကမ်းရိုးတန်း နှင့် ကုန်းလမ်းတို့ အပေါ်မူတည်၍လည်း ကွဲပြားနိုင်ပါတယ်…

အကာအကွယ်တွေအနေနဲ့…

လုံးဝဆုံးရှုံးမှု အကာအကွယ် (Total Loss Only ) နှင့် ဆုံးရှုံးမှုဖြစ်ပွားလျှင် ဆုံးရှုံးမှုဘေးမှ ကင်းဝေးအောင် ဆောင်ရွက်ရမည့် စရိတ်များ ၊ အလုပ်သမားခများ(Sue and Labor) ကိုပေးလျော်ရန် တာဝန်ယူပါတယ်…

အပိုအကာအကွယ်တွေအနေနဲ့…

စစ်နှင့်စစ်အသွင် ၊ သပိတ်၊ အဓိကရုဏ်း ၊ လူထုအုံကြွမှု ၊ ဆိပ်ကမ်းရက်လွန်ကြေး စသည့်အပိုအကာအကွယ်များကို ရရှိဦးမှာဖြစ်ပါတယ်…
လိုအပ်တဲ့အထောက်အထားတွေကတော့ အဆိုလွှာ၊ ရေယာဉ်၊ မော်တော်ယာဉ်လိုင်စင်မိတ္တူ ၊ ကုန်စည်ပို့ဆောင်ခွင့် လိုင်စင်မိတ္တူ ၊ ကုန်ပစ္စည်းတန်ဖိုးစာရင်း စတဲ့ အထောက်အထားတွေလိုအပ်ပါတယ်…

ကုန်စည်ပစ္စည်းတွေ တစ်နေရာကနေ အခြားတစ်နေရာကို ပို့ဆောင်တဲ့အခါ အကာအကွယ်ပေးမယ့် ကုန်စည်ပို့ဆောင်ရေးအာမခံ (Cargo Insurance) ကို ရယူထားချင်တယ်ဆိုရင်တော့ တိကျမှန်ကန်ပြီး အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ယမ်းအာမခံမှာ ယုံကြည်စိတ်ချစွာ ရယူနိုင်ပါတယ် ဆိုတဲ့အကြောင်း အသိပေးပါရစေ…

“တိကျမြန်ဆန် ယမ်းအာမခံ”