Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

ဘာကြောင့်ပို့ပို့ Cargo Insurance နဲ့ပို့

Category : Article, Insurance | Date : March 23, 2020

ကုန်ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာ ရောင်းဝယ်ဖောက်ကား ပို့ဆောင်ကြတဲ့အခါ ဘာနဲ့ပဲပို့ပို့ ၊ Cargo Insurance နဲ့အတူ တစ်ပါတည်းပို့ဆောင်ဖို့ အကြံပေးချင်ပါတယ်...

‘ကုန်သွယ်လုပ်ငန်းရှင်တွေ စိုးရိမ်ရတာ တစ်ခုက ကုန်စည်တွေ တင်သွင်း ၊ တင်ပို့ လုပ်ကြတဲ့အခါ သဘာဝဘေးဒဏ်တွေကြောင့် ကုန်စည်တွေ အပျက်အစီးဖြစ်ပြီး နစ်နာဆုံးရှုံးသွားရမှာကိုပဲ’ လို့ ကုန်သည် ဦးလေးတစ်ယောက်က  ပြောဖူးပါတယ်…

‘ ဟိုးအရင်တုန်းက ဆိုရင် ကုန်သွယ်တစ်ခေါက် ဆိုသလောက်လောက် အင်မတန်ကို စိတ်ပူကြရကြောင်း၊ နောက်ပိုင်းမှာတော့ အာမခံ လုပ်ငန်းတွေကနေ ကုန်စည်ပို့ဆောင်ရေးအာမခံ(Cargo Insurance) ကို ဝန်ဆောင်မှုပေးနေပြီ ဆိုတာ သိလိုက်ရတော့ သူ  အရမ်းကို ဝမ်းသာသွားမိတယ် ‘  လို့ လည်း ဦးလေးက ပြောပြခဲ့ပါသေးတယ်….

‘ အခုဆိုရင် Cargo Insurance ကိုရယူထားပြီးပြီဖြစ်လို့ ရေကြောင်းကနေ ကုန်စည်တွေပို့ဆောင်မလား? ကုန်းလမ်းကနေ ကုန်စည်တွေပို့ဆောင်မလား? ဘာနဲ့ပဲ ပို့ပို့ ပျက်စီးဆုံးရှုံးမှုတွေရှိခဲ့ရင်တောင် နစ်နာဆုံးရှုံးမှုတွေအတွက် အကာအကွယ်ရရှိနိုင်မှာ ဖြစ်လို့ ဦးလေး တို့လို ကုန်သည်ကြီးတွေ စိတ်အေးချမ်းသာစွာနဲ့ ကုန်သွယ်နိုင်နေပါပြီလေ ’ လို့လည်း ပြောပြခဲ့ပါတယ်…

ဒါကြောင့် အခုပြောပြခဲ့တဲ့ ကုန်သည်ဦးလေးကြီးလိုပဲ ကုန်စည်သယ်ပို့ လုပ်တဲ့အခါ စိတ်အေးချမ်းသာစွာနဲ့ ကုန်သွယ်ချင်တယ်ဆိုရင်တော့ ကုန်စည်ပို့ဆောင်ရေးအာမခံ(Cargo Insurance) ကိုရယူထားသင့်ပါတယ်နော်…

“တိကျမြန်ဆန် ယမ်းအာမခံ”