Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

၂၁ ရာစုကာလရဲ့ ကုန်သည်ကြီးများအတွက်

Category : Article, Insurance | Date : April 6, 2020

ယနေ့ခေတ် ၂၁ ရာစုကာလမှာ မိတ်ဆွေဟာ ကုန်သည်လုပ်ငန်းရှင် တစ်ယောက် ဆိုရင်တော့
ကုန်စည်ပို့ဆောင်ရေးအာမခံ (Cargo Insurance) အကြောင်းကို လေ့လာကြည့်ဖို့ တိုက်တွန်းပါရစေ…
ကုန်သည်ကြီးတွေဟာ ဟိုရှေးယခင်ကာလ ကား ၊ ရထား ၊ လေယာဉ် ၊ သင်္ဘော တွေ မတီထွင်နိုင်သေးခင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀,၀၀၀ ခန့် ကတည်းက ရွက်လှေ လွှင့်ပြီး ကမ္ဘာပတ်ကုန်သွယ်ခဲ့ကြတာပါ…
နောက်ပိုင်းမှာ သဘာဝဘေးဒဏ် အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ကုန်စည် ပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တဲ့အခါမှာတော့ ရန်ပုံငွေကောက်ခံပြီး ကုန်သည်အချင်းချင်း ပြန်လည် ထောက်ပံ့ပေးကြရာကနေ တစ်ဆင့်ပြီးတစ်ဆင့်တိုးတက်လာပြီး ကုန်စည်ပို့ဆောင်ရေးအာမခံ(Cargo Insurance) စတင် အကောင်အထည်ပေါ်လာခဲ့တာပါပဲ…
ဒါကြောင့် ဟိုးအရင်ခေတ်က ကုန်သည်ကြီးတွေတောင် ဆုံးရှုံးမှုကို ကြိုတင်အကာအကွယ်ယူတဲ့အနေနဲ့ ရန်ပုံငွေထားကြတယ်ဆိုရင် ယနေ့ခေတ် ၂၁ ရာစုကာလရဲ့ ကုန်သည်ကြီးတွေကရော?....
ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးသူတွေ ၊ ကုန်သည်ကြီးတွေ အနေနဲ့ ကုန်စည် သယ်ယူ ပို့ဆောင်တဲ့အခါ အကြောင်းအမျိုးမျိုးကြောင့် ကုန်ပစ္စည်းတွေ ပျက်စီးခဲ့ရရင် ဆုံးရှုံးနစ်နာမှုတွေအတွက် ငွေကြေးအထောက်အပံ့ ပြန်လည်ရရှိနိုင်ဖို့ အာမခံ အကာအကွယ်ကို မဖြစ်မနေ ရယူထားသင့်ပါတယ်နော်…
ကုန်စည်ပို့ဆောင်ရေးအာမခံမှာ....
(၁) ရေကြောင်းကုန်စည်အာမခံ
☑ မြစ်တွင်းရေကြောင်းကုန်စည်အာမခံ
☑ ကမ်းရိုးတန်းကုန်စည်အာမခံ
(၂) ကုန်းလမ်းကုန်စည်အာမခံ ဆိုပြီး အသီးသီးရှိပါတယ်…

ပရီမီယံနှုန်းထား အနေနဲ့…
အာမခံထားသည့် ငွေအပေါ်တွင်မူတည်၍ တွက်ချက်ပါတယ်. ကုန်ပစ္စည်းအမျိုးအစား၊ မြစ်တွင်း ၊ကမ်းရိုးတန်း နှင့် ကုန်းလမ်းတို့ အပေါ်မူတည်၍လည်း ကွဲပြားနိုင်ပါတယ်…

အကာအကွယ်တွေအနေနဲ့...
လုံးဝဆုံးရှုံးမှု အကာအကွယ် (Total Loss Only ) နှင့် ဆုံးရှုံးမှုဖြစ်ပွားလျှင် ဆုံးရှုံးမှုဘေးမှ ကင်းဝေးအောင် ဆောင်ရွက်ရမည့် စရိတ်များ ၊ အလုပ်သမားခများ(Sue and Labor) ကိုပေးလျော်ရန် တာဝန်ယူပါတယ်…

အပိုအကာအကွယ်တွေအနေနဲ့...
စစ်နှင့်စစ်အသွင် ၊ သပိတ်၊ အဓိကရုဏ်း ၊ လူထုအုံကြွမှု ၊ ဆိပ်ကမ်းရက်လွန်ကြေး စသည့်အပိုအကာအကွယ်များကို ရရှိဦးမှာဖြစ်ပါတယ်...

လိုအပ်တဲ့အထောက်အထားတွေကတော့ အဆိုလွှာ၊ ရေယာဉ်၊ မော်တော်ယာဉ်လိုင်စင်မိတ္တူ ၊ ကုန်စည်ပို့ဆောင်ခွင့် လိုင်စင်မိတ္တူ ၊ ကုန်ပစ္စည်းတန်ဖိုးစာရင်း စတဲ့ အထောက်အထားတွေလိုအပ်ပါတယ်…
ကုန်စည်ပစ္စည်းတွေ တစ်နေရာကနေ အခြားတစ်နေရာကို ပို့ဆောင်တဲ့အခါ အကာအကွယ်ပေးမယ့် ကုန်စည်ပို့ဆောင်ရေးအာမခံ (Cargo Insurance) ကို ရယူထားချင်တယ်ဆိုရင်တော့ တိကျမှန်ကန်ပြီး အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ယမ်းအာမခံမှာ ယုံကြည်စိတ်ချစွာ ရယူနိုင်ပါတယ် ဆိုတဲ့အကြောင်း အသိပေးပါရစေ…

“တိကျမြန်ဆန် ယမ်းအာမခံ”