Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

လမ်းကောင်းကောင်းမှာထိန်းကြောင်းမောင်းနှင်ပါ…

Category : Article, Car Knowledge | Date : October 26, 2019

စီးတော်ယာဉ်တွေ ဆိုတာ ကျွန်တော်တို့အတွက်တော့ မရှိမဖြစ်လိုအပ်တဲ့အသုံးအဆောင်ထဲမှာ ပါဝင်လာတာ ငြင်းလို့မရပါဘူး... ဒါကြောင့် စီးတော်ယာဉ်တွေအကြောင်းပြောဖို့ ယမ်းအာမခံ ကစဉ်းစားမိပါတယ်

ဒီတခါ တော့ ကျွန်တော်တို့ ပြောပြချင်တာက ယာဉ်တွေနဲ့လမ်းတွေကြားက ဆက်စပ်မှုကိုပြောချင်တာပါ...လမ်းကောင်းကောင်းမှာ ကားမောင်းရတာက ဘာမှမပြောခင်ခံစားမှုက စကွာမှာပါ၊ ခံစားမှုလောက်ကို ပြောမနေဘဲ လမ်းကောင်းကောင်းမှာ မောင်းမယ်ဆို ယာဉ်တွေ အတွက် ဘယ်လောက်တောင်ကောင်းမွန်မလဲ ကြည့်ကြရအောင်...

ဆီစားသက်သာမယ်၊ အင်ဂျင်ဆီတွေ လိုတာထက်ပိုမကုန်ဘူး၊ လမ်းကောင်းကောင်းမလို့ အန္တရာယ်နည်းတယ်၊ မရှိဘူးလို့ မဆိုလိုချင်ပါဘူး..လမ်းလည်းကောင်းတယ်၊ ကိုယ်ကလည်းစည်းကမ်းရှိတယ် ဆိုပေမယ့်မထင်မှတ်ထားတဲ့ အခြေအနေဆိုတာ ဖြစ်နိုင်တာကို... ဘရိတ်တွေ၊ ကိုယ်ထည်ပိုင်း၊ အင်ဂျင်အများကြီး ရုန်းထားတာမဟုတ်တော့ အကြာကြီး စီးရမယ်...

ရှင်းရှင်းလင်းလင်းပြောရရင်တော့ လမ်းကောင်းကောင်းမှာ မောင်းနှင်ရမယ်ဆို ကားတွေအများကြီး သက်တမ်းပိုခံမှာပေါ့၊ ဒါပေမဲ့ မျှော်လင့်ချက်နဲ့ လက်တွေ့ကတော့ ကွာတာပေါ့...ဒါပေမဲ့ အတတ်နိုင်ဆုံး အခြေအနေပေးရင် ပေးသလောက် လမ်းကောင်းကောင်း ကိုပဲ ရွေးချယ်မောင်းနှင်ပါ၊ ပျက်စီးမှုအတွက်မထင်မှတ်ထားတဲ့ အခြေအနေတွေကိုကာမိအောင်တော့ အာမခံ ထားတာပါ...

စည်းကမ်းရှိမယ်၊ လမ်းကောင်းကောင်းကိုလည်းရှာမောင်းတယ်၊ အခြေအနေတစ်ခုကြောင့် ကားအာမခံထားချင်တယ်ဆိုရင်တော့ အာမခံနဲ့ ပတ်သက်လို့မေးချင်တာလေးတွေ မန့်ခဲ့ပေးပါ၊ နောက်များမှာလည်း အာမခံ ဗဟုသုတတွေကို ဝေမျှဦးမှာဆိုတော့ စောင့် မျှော်ဖတ်ရှုကြပါဦးနော်...

“ တိကျမြန်ဆန် ယမ်းအာမခံ ”