Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

“မော်တော်ကားတစ်စီး…ပိုင်ဆိုင်ထားပြီဆိုရင်”

Category : Article, Car Insurance | Date : December 23, 2019

သင့်ကားအတွက် ယုံကြည်စိတ်ချရတဲ့ စောင့်ရှောက်မှုတွေ ပိုင်ဆိုင်ထားပြီလား???

မော်တော်ယာဉ်တွေဟာ လိုရာခရီးကိုပို့ဆောင်ပေးနိုင်သလို မတော်တဆမှုကြောင့် မလိုလားအပ်တဲ့ ပျက်စီးဆုံးရှုံးနစ်နာမှုတွေကိုလည်း ဖြစ်ပေါ်စေနိုင်တယ်ဆိုတာကို  လုံးဝမမေ့လိုက်ကြပါနဲ့နော်….

ဒါပေမယ့် မိတ်ဆွေတို့ရဲ့ မော်တော်ယာဉ်တွေ မတော်တဆ ထိခိုက်မိခဲ့ရင်တောင် မိတ်ဆွေတို့ရဲ့ ကားအတွက် ယုံကြည်စိတ်ချရတဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ဝန်ဆောင်မှုပေးနေတဲ့ ယမ်းအာမခံရှိနေပါပြီ….

မတော်တဆ ဒီလိုနစ်နာဆုံးရှုံးမှုတွေဖြစ်ပေါ်လာမယ်ဆိုရင် အာမခံထားခြင်းကသာ မိတ်ဆွေတို့ရဲ့ ကားအတွက် အကောင်းမွန်ဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး စောင့်ရှောက်မှုတွေကိုပေးနိုင်မှာဖြစ်ပါတယ်...ဒါ့ကြောင့် ကျွန်တော်တို့ယမ်းအာမခံရဲ့ အလုံးစုံမော်တော်ယာဉ်အာမခံအကြောင်းအနည်းငယ်ရှင်းပြပါရစေနော်...

ဘယ်လိုမော်တော်ယာဉ်အမျိုးအစားတွေ...အာမခံနိုင်သလဲ...?

ကိုယ်ပိုင်ယာဉ်၊ အငှားယာဉ် နှင့် လုပ်ငန်းသုံးယာဉ်အမျိုးမျိုး အာမခံနိုင်ပါတယ်.

အထူးသဖြင့် အငှားယာဉ်မောင်းသမားများအနေနဲ့ အဓိက အာမခံသင့်ပါတယ်.

အာမခံထားငွေ နှင့် သက်တမ်း...?

ယာဉ်၏ကာလပေါက်ဈေးထက် မပိုသော တန်ဖိုးကို (၃)လ မှ (၁) နှစ်အတွင်း ထားရှိနိုင်ပါတယ်.

ပရီမီယံပေးသွင်းခြင်း...?

ကျသင့်ပရီမီယံကို တစ်ကြိမ်တည်းပေးသွင်းရမည် ဖြစ်ပြီး ပရီမီယံပေးသွင်းသည့်နေ့မှ အကာအကွယ်စတင်ပါတယ်.

ဘယ်လိုအကာအကွယ်တွေရရှိမလဲ...?

အာမခံထားသည့် မော်တော်ယာဉ် မတော်တဆတိုက်မိခြင်း ၊ တိမ်းမှောက်ခြင်း ၊ မီးလောင်ခြင်း၊ မိုးကြိုးပစ်၍ မီးလောင်ခြင်း၊ ပေါက်ကွဲမှုဖြစ်ခြင်း၊ ယာဉ်ပေါ်သို့ ပစ္စည်းတစ်စုံတစ်ခု ပြုတ်ကျခြင်း၊ မသမာ ဖျက်ဆီးခံရခြင်း၊ ရေလမ်းကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်စဉ် ပျက်စီးခြင်းစသည်တို့မှ အကာအကွယ်ရရှိမှာဖြစ်ပါတယ်…

မော်တော်ယာဉ်အလုံးစုံ အာမခံအကြောင်း အသေးစိတ်ဖော်ပြပေးခဲ့ပြီ ဖြစ်လို့ မိမိတို့ရဲ့ မော်တော်ယာဉ်အတွက် အကောင်းမွန်ဆုံးနဲ့ ယုံကြည်စိတ်ချရဆုံး စောင့်ရှောက်မှုတွေ ပိုင်ဆိုင်ထားနိုင်ဖို့ တိကျမြန်ဆန်တဲ့ ကျွန်တော်တို့ယမ်းအာမခံ နဲ့ လက်တွဲကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ....

“တိကျမြန်ဆန်...ယမ်းအာမခံ”