Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

သင့် အလုပ်ရုံအဆောက်အဦးတွေ တကယ်ပဲ လုံခြုံမှုရှိရဲ့လား

Category : Article, Insurance | Date : December 30, 2019

လူနေမှု အဆောက်အဦးတွေ မကပဲ စီးပွားရေးလုပ်ငန်းတစ်ခု၏ပိုင်ဆိုင်ရာ ပစ္စည်းကိရိယာများအားခိုးမှု၊ မီးနှင့် အခြားဘေးအန္တရာယ် ဆုံးရှုံးမှုများမှကာကွယ်ဖို့ အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုကို ရှာဖွေရခက်နေပြီလား...

သင့်စီးပွားရေးလုပ်ငန်းနှင့် ပိုင်ဆိုင်ရာ ပစ္စည်းကိရိယာများကို အလုပ်မရှုပ်စေဘဲ ပျက်စီးခြင်းမှ ကာကွယ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ အာမခံ ထားခြင်းနည်းလမ်းပဲ ဖြစ်ပါတယ်....

ကျွန်တော်တို့ Young Insurance မှ လူကြီးမင်းတို့၏ နစ်နာဆုံးဆုံးရှုံးမှုများကို ကာကွယ်ရန်အတွက် မီးအာမခံ ဝန်ဆောင်မှု (Property Insurance) ဖြင့် ကူညီဆောင်ရွက်ဖို့ အသင့်ရှိနေပါပြီ…

ဒါဆို မီးအာမခံနဲ့ ပက်သက်ပြီး ဘာတွေသိထားဖို့ လိုအပ်လဲ...?

မီးအာမခံဆိုတာ...?

မိမိပိုင်ဆိုင်သော အဆောက်အဦိး၊ ပရိဘောဂ၊ စက်ကိရိယာ၊ လုပ်ငန်းသုံးပစ္စည်းများ နှင့် ကုန်ပစ္စည်းများ မီးလောင်ကျွမ်းမှုမှ ကာကွယ်ပေးသော အာမခံအမျိုးအစားတစ်ခုဖြစ်ပါတယ်

သက်တမ်းဘယ်လောက်ထားနိုင်လဲ...?

အာမခံသက်တမ်း (၁၀)ရက်မှ (၁)နှစ်အထိ ထားနိုင်ပြီး နှစ်စဉ်သက်တမ်းတိုး ဆက်လက်လုပ်ဆောင်နိုင်ပါသည်

ပရီမီယံနှုန်းကရော...?

ပရီမီယံနှုန်းကိုတော့ အဆောက်အဦးအတန်းစား ၊ အဆောက်အဦး(သို့) ပစ္စည်းအသုံးပြုပုံ ၊ ပတ်ဝန်းကျင် အဆောက်အဦးအခြေအနေ၊ အာမခံထားငွေတို့အပေါ်တွင် အခြေခံ၍ အနည်းဆုံး ဝ.၁၃% မှ အများဆုံး ၃.၅၀% ထိထားရှိနိုင်ပါသည်

အကာအကွယ်တွေက ဘာတွေလဲ?

မီးလောင်ကျွမ်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲခြင်း ၊ မီးငြိမ်းသတ်ခြင်းကြောင့် ပျက်စီးခြင်း စတဲ့ အခြေခံအကာအကွယ်တွေကို ရရှိမှာဖြစ်ပါတယ်

အပိုအကာအကွယ်များ အနေနဲ့ အဓိကရုဏ်း၊ သပိတ်မှောက်ခြင်း၊ မသမာပျက်စီးခြင်း၊ ငလျင်နှင့် မီးတောင်ပေါက်ကွဲခြင်း၊ လေပြင်းမုန်တိုင်းအမျိုးမျိုး၊ ရေကြီးခြင်း၊ ရေလျှံခြင်း ၊ မြေပြိုခြင်း၊ မြေကျွံခြင်း၊ ဖောက်ထွင်းခိုးယူမှု နှင့် စစ်ဘေးအန္တရာယ် စတာတွေကိုလည်း ရရှိမှာဖြစ်ပါတယ်

ဘယ်လိုလျော်ကြေးတောင်းခံမလဲ?

ဆုံးရှုံးမှုဖြစ်ပေါ်ပြီ ဆိုတာနဲ့ ကုမ္ပဏီသို့ အမြန်ဆုံးဆက်သွယ်သတင်းပိြု့ပီး လိုအပ်သော စာရွက်စာတမ်းများ၊ အထောက်အထားများပြုစု၍ လျော်ကြေးတောင်းခံနိုင်ပါသည်

ဘယ်အချိန်မှာ အကြောင်းကြားဖို့ လိုအပ်လဲ...?

အောက်ပါအကြောင်းအရာတွေဖြစ်လာပြီ ဆိုရင်တော့ ကုမ္ပဏီကို အကြောင်းကြားဖို့ လိုအပ်ပါတယ်
(၁) အာမခံထားသည့် ပစ္စည်းကို နေရာရွှေ့ပြောင်းခြင်း
(၂) အာမခံထားသည့် ပစ္စည်းပိုင်ရှင် အပြောင်းအလဲဖြစ်ခြင်း
(၃) အာမခံထားသည့် ပစ္စည်းတန်ဖိုး အပြောင်းအလဲဖြစ်ခြင်း စတာတွေ ဖြစ်လာပြီ ဆိုရင်တော့ ကုမ္ပဏီကို အကြောင်းကြားဖို့ လိုအပ်ပါတယ်

မီးအာမခံအကြောင်း အသေးစိတ်သိရှိပြီးပြီဆိုတော့ ...ပိုင်ဆိုင်ရာ အဆောက်အဦးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ပစ္စည်းများကို နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရအောင် အာမခံ စနစ်များအကြောင်းကို ကျွန်တော်တို့ ယမ်းအာမခံမှာ အသေးစိတ် ဆွေးနွေးညှိနှိုင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါရစေ...

တိကျမြန်ဆန် ယမ်းအာမခံ...