Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

“ သိန်းပေါင်းများစွာ အတွက် အကာအကွယ်ယူထားပါ ”

Category : Article, Insurance | Date : April 2, 2020

‘မဖြစ်ပါရစေနဲ့’ လို့ တားဆီးမရနိုင်ပေမယ့် ဖြစ်လာမယ့်အရာတွေကို ကာကွယ်ထားနိုင်တဲ့ ‘အခွင့်အရေး’ ဟာလည်း မိတ်ဆွေတို့ရဲ့ လက်တစ်ကမ်းမှာပဲ ရှိပါတယ်…

မတော်တဆ ဖြစ်တတ်တဲ့ သဘာဝဘေးအန္တရာယ်တွေ ၊ ပေါက်ကွဲခြင်းတွေ ၊ ရေယာဉ်တိမ်းမှောက်ခြင်းတွေနဲ့ နစ်မြုပ်ခြင်းတွေကြောင့် သိန်းပေါင်း မြောက်များစွာအကုန်အကျခံပြီး ဆောက်လုပ်ထားတဲ့ မိတ်ဆွေတို့ရဲ့ ရေယာဉ်တွေ ပျက်စီးဆုံးရှုံးရမှာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေသင့်ပါဘူး….

ကုန်စည်သယ်ပို့ ရေယာဉ်တွေ ၊ အပျော်စီး ရေယာဉ်တွေ အားလုံးအတွက် ရေယာဉ်ကိုယ်ထည်အာမခံ (Marine Hull Insurance) ကိုအကာအကွယ်အနေနဲ့ မဖြစ်မနေ ရယူထားသင့်ပါတယ်နော်…

ရေယာဉ်ကိုယ်ထည်အာမခံတွင်
(၁) Inland Marine Hull Insurance Policy(Voyage)- ခရီးတစ်ခေါက်
(၂) Inland Marine Hull Insurance Policy (Time)- အချိန်ပိုင်း
(၃) Overseas Marine Hull Insurance Policy(Voyage)- ခရီးတစ်ခေါက်
(၄) Overseas Marine Hull Insurance Policy(Time)- အချိန်ပိုင်း ဆိုပြီး…ပေါ်လစီအားဖြင့် (၄)မျိုးရှိပါတယ်

ပရီမီယံနှုန်းထား အနေနဲ့
ရေယာဉ်အမျိုးအစား ၊ အကျယ်၊ အရှည်၊ စောက်၊ အင်ဂျင်၊ Gross Registered Tonnage ၊ တည်ဆောက်သည့်နှစ် ၊ အသုံးပြုသည့် ရေနယ်နိမိတ် စသည်တို့အပေါ်တွင် သတ်မှတ်ပါတယ်…
-သစ်သားကိုယ်ထည်ပြည်တွင်း (ပင်လယ်ရပ်ခြားခွင့်မပြုပါ)
-မြစ်တွင်းသွား အထွေထွေကုန်တင် -၁.၄%
-ကမ်းရိုးတန်းသွား အထွေထွေကုန်တင် -၁.၈%
-ကမ်းရိုးတန်းသွား (ငါးဖမ်း) – ၂.ဝ% ဆိုပြီး အသီးသီးရှိကြပါတယ်…

အာမခံသက်တမ်းအနေနဲ့
– ခရီးတစ်ခေါက်တည်းအတွက် ထားနိုင်သလို (၁)နှစ်တာလည်း ထားနိုင်ပါတယ်…

နစ်နာမှုတွေကနေ ကိုယ့်အတွက် အကာအကွယ် ပြန်ရနိုင်မယ့် အခွင့်အရေးဟာလည်း မိတ်ဆွေတို့ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေတာမို့ ရေယာဉ်ကိုယ်ထည်အာမခံဝန်ဆောင်မှုကို ရယူချင်တယ်ဆိုရင်တော့ တိကျမှန်ကန်ပြီး အမြန်ဆုံးဝန်ဆောင်မှုပေးနိုင်တဲ့ ယမ်းအာမခံ ကို အမြန်ဆုံးသာ ဆက်သွယ်လိုက်ပါနော်…

“တိကျမြန်ဆန် ယမ်းအာမခံ”