Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

ယာဉ်အန္တရာယ် က ကိုယ့်အပေါ် အမြဲမကျရောက်နိုင်တာ ဘာကြောင့်လဲ…

Category : Article, Car Knowledge | Date : September 27, 2019

ဒီနေ့တော့ ယမ်းအာမခံကနေ ယာဉ်အန္တရာယ်မှ ရှောင်ရှားနိုင်ရန် အတွက် ကားမောင်းနေစဉ် မှာ ဆောင်သင့်၊ ရှောင်သင့် တဲ့ အချက်လေးတွေ အနည်းငယ် ဝေမျှပေးချင်တာပါ…

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကားတွေနဲ့ ရင်းနှီးပြီး ကားမောင်းတာ ကျွမ်းကျင်ပါတယ်ဆိုတဲ့ သူတွေတောင် တခါတလေမှာ သတိမမှုမိတာတွေ ရှိတတ်ပါတယ်…

ဒါတွေကို သတိထားရှောင်ကြည်နိုင်ပြီး သတိတရ လုပ်ဆောင်နိုင်အောင် ပြောပြပေးလိုက်ပါတယ်…
ဆောင်ရန်တွေက စပြောကြည့်ကြရအောင်နော်…

ကားမောင်းနေစဉ်လုပ်ဆောင်ရမှာတွေ အတော်များများက ကျွန်တော်တို့ သိနှင့်ပြီးသားတွေ ဖြစ်ပေမယ့် လုပ်ဆောင်ဖို့ မေ့နေကြတဲ့ အရာတွေဖြစ်တော့ ဒါတွေကို ကားမောင်းတိုင်းမမေ့သင့်တဲ့ အချက်တွေအဖြင့် အရင်ဆုံးသတိပေးရတာပါ…

ထိုင်ခုံခါးပတ်ပတ်မယ်၊ သတ်မှတ်အမြန်နှုန်းတွေကို လိုက်နာမယ်၊ ကားမောင်းတဲ့ အခါ အပြည့်အဝအာရုံစိုက်ထားမယ်၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းကို အလေးထားမယ်၊ နောက်အရေးကြီးဆုံးအချက်က ခရီးဝေးအတွက် ကားမောင်းမယ်ဆိုရင်တော့ လမ်းကြောင်းကို ပထမဦးစွာသိအောင်လုပ်ရမယ်၊ ဒါက ဗျာမများအောင်ဆောင်ရွက်သင့်တဲ့ အချက်တွေထဲက အဓိကကျတဲ့ အချက်တစ်ချက်ဖြစ်တယ်…

သင့်ကားပေါ်မှာ သင့်ကလေးပါလာမယ်ဆိုရင်တော့ ကားစီးထိုင်ခုံနဲ့ လိုက်ပါစေတာ သင့် အတွက် အာရုံစူးစိုက်မှုပိုရပြီး ကလေးအတွက်လည်း အန္တရာယ်ကင်းနိုင်မှာ ဖြစ်ပါတယ်၊ နောက်ဆုံး ကျွန်တော်တို့ သတိမထားမိ မလုပ်ဆောင်မိတဲ့ ကိစ္စတစ်ခုကတော့ ကားမောင်းသူရဲ့ ညာဘက်ခြမ်းမှာ လမ်းလျှောက်သူတွေအတွက် နေရာလေးချန်ထားဖို့နဲ့ အာမခံ ထားရှိခြင်းတို့ ဖြစ်ပါတယ်…

ဒါကို သိပ်မလိုအပ်တဲ့ ကိစ္စလို့ မြင်ကောင်းမြင်နိုင်ပါတယ်၊ အာမခံထားခြင်းက ကြုံတောင့်ကြုံခဲ ဖြစ်ပေါ်လာတဲ့ သင့်ရဲ့ ဆုံးရှုံးမှုအတွက် တစ်စိတ်တစ်ပိုင်းက အထောက်အကူပေးနိုင်သလို၊ သင့်ရဲ့ ကားမောင်းသူ ညာဘက်ဘေးမှာ လမ်းချန်ထားပေးခြင်းက သင့် ရဲ့ စည်းကမ်းလိုက်နာမှုနဲ့ သင့်ကားရော၊ လမ်းလျှောက်နေသူအတွက်ရော လုံခြုံမှုပေးနိုင်တဲ့ နေရာလေးတစ်ခုဖြစ်တယ်ဆိုတာ လုပ်ဆောင်ရင် သတိထားမိလာပါလိမ့်မယ်…

ဒါတွေက ဆောင်ရန်အတွက် အဓိက ကျပြီးတော့ ရှောင်ရန် အချက်တွေကို ဆက်ပြောကြရအောင်..
ရှောင်ရန်အချက်တွေကတော့ နည်းပါးပါတယ်၊ မောင်းရင်မမူးနဲ့ မူးရင်မမောင်းနဲ့၊ ကားမောင်းနေစဉ် ဖုန်းမပြောနဲ့၊ အမှန်မဟုတ်တဲ့ အရပ်ပြောစကားတွေက လာတဲ့ အချက်ပြ စနစ်တွေကို မကျင့်သုံးဖို့ပါပဲ…

ဒီအချက်တွေက သင်ရော သင့်မိသားစုအတွက်ပါ လမ်းပေါ် အန္တရာယ်တွေကနေ၊ ယာဉ်တိုက်မှုအန္တရာယ်တွေက ကင်းဝေးစေပြီး လုံခြုံစိတ်ချပြီး သာယာဖွယ်ကောင်းတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်…

သင်နဲ့ သင့် ပတ်ဝန်းကျင်အတွက် အန္တရာယ်ကင်းဝေးစေရေးအချက်များကို ဆက်လက်ဖော်ပြပေးမှာ ဖြစ်လို့ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်…