Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

ရင်နင့်စရာ အဖြစ်တွေအတွက် ဖြေဆည်စရာရှိပါရစေ

Category : Article, Insurance | Date : March 4, 2020

ဟိုနေရာ မီးလောင်တယ် လောင်ကျွမ်းမှု အဆင့်(၅) အထိရှိတယ်. ဒီနေရာ မီးလောင်တယ် လောင်ကျွမ်းမှု အဆင့်(၄) အထိရှိတယ်. ပျက်စီးဆုံးရှုံးမှုတန်ဖိုး သိန်းရာချီတယ်. ဒီလို မီးလောင်မှုတွေ ခဏ ခဏ ဖြစ်နေတာကို ကြားရသူတွေတောင် စိတ်မကောင်းဖြစ်နေရတာ ကာယကံရှင်တွေဆိုရင် ပျက်စီးဆုံးရှုံးမှုတွေအတွက် ဘယ်လောက်တောင် ရင်နင့်နေရမလဲ?…
မိတ်ဆွေတစ်ယောက်ကပြောဖူးတယ် သူတို့ရက်ကွက်ထဲက အိမ်တစ်လုံး မီးထလောင်လိုက်တာ သူ့အိမ်ကလူတွေလည်း စုဆောင်းထားတာလေးတွေ သိမ်းစည်းကြရင်း ယောက်ယက်ကိုခပ်သွားတာပဲ တဲ့. မှန်တာပေါ့လေ ကိုယ့်ရပ်ကွက်ထဲက အိမ် ၊ ကိုယ့်ဘေးချင်းကပ် အိမ် တွေမှာ မီးလောင်မယ်ဆိုရင်တောင် ကိုယ့်အိမ်ကို အချိန်မရွေး မီးကူးလာနိုင်လို့ ရင်တမမနဲ့စိတ်ပူကြရတာပါပဲ.
ဒါကြောင့် မီးလောင်မှု အန္တရာယ်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ မီးကို ရိုရိုသေသေ စနစ်တကျ အသုံးပြုဖို့လိုသလို မီးလောင်မှုကို အကာအကွယ်ပေး နိုင်မယ့် မီးအာမခံ ဝန်ဆောင်မှုကိုလည်းရယူထားသင့်ပါတယ်…
မီးလောင်မှုကြောင့် ပိုင်ဆိုင်မှုတွေ ပျက်စီးခဲ့ရင် နစ်နာဆုံးရှုံးမှုတွေအတွက် ကာကွယ်ပေးမယ့် ယမ်းအာမခံ ရဲ့ မီးနှင့် သဘာဝဘေးအန္တရာယ်အာမခံဝန်ဆောင်မှု (Property Insurance) ကိုရယူထားမယ်ဆိုရင်တော့ ရင်နင့်စရာ အဖြစ်တွေအတွက် ဖြေဆည်ဖွယ်ရာ အထောက်အပံ့တွေ ရရှိနိုင်မှာပါ…

? မီးနှင့် သဘာဝဘေးအန္တရာယ်အာမခံ ဆိုတာ?…?

ဘယ်လိုပစ္စည်းတွေ အာမခံထားလို့ရလဲ❓
☑အဆောက်အဦး
☑ပရိဘောဂ
☑စက်ကိရိယာ
☑လုပ်ငန်းသုံးပစ္စည်းများ နှင့် ကုန်ပစ္စည်းများ

သက်တမ်းဘယ်လောက်ထားနိုင်လဲ…❓
အာမခံသက်တမ်း (၁၀)ရက်မှ (၁)နှစ်အထိ

အကာအကွယ်တွေက ဘာတွေလဲ?
✅မီးလောင်ကျွမ်းခြင်း
✅မိုးကြိုးပစ်ခြင်း
✅အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲခြင်း
✅မီးငြိမ်းသတ်ခြင်းကြောင့် ပျက်စီးခြင်း

အပိုအကာအကွယ်တွေကရော ဘာတွေလဲ…❓
☑အဓိကရုဏ်း
☑သပိတ်မှောက်ခြင်း
☑မသမာပျက်စီးခြင်း
☑ငလျင်နှင့် မီးတောင်ပေါက်ကွဲခြင်း
☑လေပြင်းမုန်တိုင်းအမျိုးမျိုး
☑ရေကြီးခြင်း၊ ရေလျှံခြင်း ၊ မြေပြိုခြင်း၊ မြေကျွံခြင်း
☑ဖောက်ထွင်းခိုးယူမှု နှင့် စစ်ဘေးအန္တရာယ်

ဘယ်သူတွေ အာမခံထားခွင့်ရှိလဲ❓
✅ပိုင်ရှင် ၊ ပူးတွဲပိုင်ရှင်
✅ဇနီး(သို့)ခင်ပွန်း
✅ပစ္စည်းအပ်နှံထားခြင်းကိုလက်ခံထားသူများ
✅ဂေါပဂ အဖွဲ့

? မီးနှင့် သဘာဝဘေးအန္တရာယ်အာမခံအကြောင်း အသေးစိတ်သိရှိပြီးပြီဆိုတော့ … နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ရအောင် ကျွန်တော်တို့ ယမ်းအာမခံနှင့်လက်တွဲလုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါရစေ….?♂?

“တိကျမြန်ဆန်…ယမ်းအာမခံ”