Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

ငွေသားအာမခံက ဘာတွေကာကွယ်ပေးနိုင်လဲ…?

Category : Article, Insurance | Date : December 19, 2019

“အာမခံ”ဆိုတာ မတော်တဆထိခိုက်မှုတွေကြောင့်ဖြစ်ပေါ်လာတဲ့ ဆုံးရှုံးမှုတွေအတွက်ပြန်လည်ကုစားပေးတဲ့ အကာအကွယ်တစ်ခုပေါ့၊ ဒီ အာမခံအကာအကွယ်ထဲမှာ ပါဝင်တဲ့ ငွေသားအာမခံ ဘယ်လိုမျိုးလဲ ဆိုတာ ယမ်းအာမခံက ပြောပြပေးချင်ပါတယ်...

ငွေသားအာမခံ ဆိုတာ ဘာလဲကနေစလိုက်ကြရအောင်၊ ငွေသားအာမခံဆိုတာ အာမခံအမျိုးအစားအနေနဲ့ ငွေသားလုံခြုံမှုအာမခံ၊ ငွေပို့ငွေသယ်အာမခံနဲ့ သမာဓိအာမခံ ဆိုပြီး သုံးမျိုးရှိပါတယ်၊ ခြုံပြီးပြောရရင်တော့ ပိုင်ဆိုင်ရာငွေကြေးအားလုံးရန်သူမျိုး(၅)ပါးရန်မှ ကင်းလွတ်စေရေး တဖက်တလမ်းမှ အကာအကွယ်ပေးနိုင်တဲ့ အာမခံ ဖြစ်ပါတယ်....

ငွေသားလုံခြုံမှုအာမခံ ကစပြောရမယ်ဆို ဘဏ်တွေမှာသိမ်းဆည်းထားတဲ့ ငွေကြေး၊ လုပ်ငန်းတည်ရှိရာနေရာတွင် သိမ်းဆည်းထားပြီးသောငွေကြေး ဒါတွေကို ဖောက်ထွင်းမှု၊ လုယက်မှုနဲ့ ခိုးယူခံရမှုတွေကနေ အကာအကွယ်ပေးတာဖြစ်ပါတယ်...

ငွေပို့ငွေသယ်အာမခံကတော့ရှင်းလင်းပါတယ်၊ ငွေတွေကိုတစ်နေရာကတစ်နေရာအကူးအပြောင်း မှာလုံခြုံစွာ ကူးပြောင်းနိုင်ရေးအတွက် ရည်ရွယ်ပါတယ်....

သမာဓိအာမခံဆိုတာကတော့ လုပ်ငန်းတစ်ခုတစ်ခုမှာ ဝန်ထမ်းတစ်ဦးတစ်ယောက်ရဲ့ မရိုးမသားခိုးယူခံရခြင်းတို့ကြောင့် ပျောက်ဆုံးသည့် ငွေပမာဏကို ပေးလျော်ရန်တာဝန်ယူခြင်းဖြစ်ပါတယ်...

ဒီသုံးမျိုးက ရနိုင်တဲ့ အကာအကွယ်ကို ငွေသားအာမခံ အကာအကွယ်လို့ခေါ်ပြီးတော့ ငွေကြေးမဆုံးရှုံးမှုအတွက် အလိုအပ်ဆုံးသော အာမခံအကာအကွယ်အမျိုးအစားဖြစ်ပါတယ်...

အာမခံထားရှိဖို့ အာမခံသက်တမ်းမကွာခြားပေမယ့် ပရီမီယံကြေးတွေမှာတော့ အမျိုးအစားလိုက်ကွာခြားမှုရှိနိုင်ပါတယ်...

ဒီတော့ ငွေကြေးလုံခြုံမှုအတွက် အလိုအပ်ဆုံးအာမခံ ဖြစ်တာကြောင့် ဆောင်ထားသင့်တဲ့ အကာအကွယ်ဖြစ်ပါတယ်၊ ရှာထားသမျှငွေကြေးလုံခြုံမှုအတွက် အရယူနိုင်တဲ့ အာမခံ အမျိုးအစားအကြောင်း အပြည့်အစုံသိချင်ရင်တော့ အခုပဲ ယမ်းအာမခံ နဲ့ ဆက်သွယ်လိုက်ပါတော့နော်...

“တိကျမြန်ဆန်...ယမ်းအာမခံ”