Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

မိသားစုနားခိုရာကို…စောင့်ရှောက်ကြတဲ့အခါ

Category : Article, Insurance | Date : December 18, 2019

မိသားစုရယ်လို့ ဖြစ်လာတဲ့အခါ နေရေး၊ စားရေးနဲ့ ပညာရေးကဘဝလုံခြုံရေးနဲ့ တစ်သက်တာစိတ်ချယုံကြည်စွာနေထိုင်နိုင်မှုအတွက်အရေးကြီးလှပါတယ်...ဒီအချက်တွေထဲကမှ မိသားစုနားခိုရာဖြစ်တဲ့ “အိမ်”ဆိုတဲ့အရာကတော့ အရေးကြီးဆုံးလို့တောင်ပြောလို့ရပါတယ်...ဒီလိုအရေးကြီးတဲ့ နေရေးထိုင်ရေးအတွက် အလုံခြုံဆုံး စောင့်ရှောက်နိုင်မှုနည်းလမ်းကို ယမ်းအာမခံ မှဖော်ပြပေးလိုက်ပါတယ်...

ရာသီဥတုအပြောင်းအလဲကြောင့် (ဒါမှမဟုတ်) သတိမေ့ပေါ့လျော့မှုကြောင့် ဖြစ်လာတဲ့ မီးအန္တရာယ်ကိုမကာကွယ်နိုင်လို့ အနား ယူနေထိုင်ရာ၊ အိမ်ဂေဟာလေးတွေ ပျောက်ပျက်ခဲ့ကြတဲ့ သာဓကပေါင်းများစွာရှိနေပါတယ်၊ ဒီလို မီးအန္တရာယ်တွေကြောင့် ကိုယ့်ရဲ့ အိမ်ဂေဟာလေးမပျက်ဆီးဖို့စောင့်ရှောက်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ မီးအာမခံဝန်ဆောင်မှု ရယူခြင်းပဲဖြစ်ပါတယ်...

မီးအာမခံ ဝန်ဆောင်မှုဆိုတာ ပိုင်ဆိုင်ရာအဆောက်အဦိး၊ ပရိဘောဂ၊ စက်ကိရိယာ၊ လုပ်ငန်းသုံးပစ္စည်းများ နှင့် ကုန်ပစ္စည်းများ မီးလောင်ကျွမ်းမှုမှ ဖြစ်ပေါ်လာတဲ့နစ်နာဆုံးရှုံးမှုတွေကိုကာကွယ်နိုင်တဲ့ အာမခံအမျိုးအစားတစ်ခုပါ...

မီးအာမခံဝန်ဆောင်မှုရယူထားပြီးပြီဆိုရင် မိုးကြိုးပစ်ခြင်း၊ အိမ်သုံးဓာတ်ငွေ့ပေါက်ကွဲခြင်းကြောင့် မီးလောင်ကျွမ်းခြင်းနဲ့ မီးငြိမ်း သတ်ခြင်းကြောင့်ပျက်စီးခြင်း စတဲ့အကာအကွယ်တွေကိုရယူနိုင်မှာဖြစ်ပါတယ်၊ ဒါအပြင် အဓိကရုဏ်း၊ သပိတ်မှောက်ခြင်း၊ မသမာ ပျက်စီးခြင်း၊ ငလျင်နှင့် မီးတောင်ပေါက်ကွဲခြင်း၊ လေပြင်းမုန်တိုင်းအမျိုးမျိုး၊ ရေကြီးခြင်း၊ ရေလျှံခြင်း ၊ မြေပြိုခြင်း၊ မြေကျွံခြင်း၊ ဖောက်ထွင်းခိုးယူမှုနှင့် စစ်ဘေးအန္တရာယ် စတာတွေကြောင့် ဆုံးရှုံးမှုတွေကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်...

အာမခံသက်တမ်းကို (၁၀)ရက်မှ (၁)နှစ်အထိ ရွေးချယ်ထားနိုင်တဲ့ အတွက် ရေရှည်လုံခြုံရေးအတွက် စိတ်ချယုံကြည်ရတဲ့ အာမခံအမျိုးအစားပဲဖြစ်ပါတယ်၊ ပရီမီယံနှုန်းကိုတော့ အဆောက်အဦးအတန်းစား ၊ အဆောက်အဦး(သို့) ပစ္စည်းအသုံးပြုပုံ ၊ ပတ်ဝန်းကျင် အဆောက်အဦး အခြေအနေ၊ အာမခံထားငွေတို့အပေါ်တွင် မူတည်ပြီးကောက်ခံကြပါတယ်...

မိသားစုနေထိုင်ရာအိမ်ဂေဟာလေးကို ရန်သူမျိုး(၅)ပါးရန်ကကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသောစိတ်ချယုံကြည်စရာမီးအာမခံ အကြောင်း အသေးစိတ်သိရှိပြီးပြီဆိုတော့ နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်ခင် အာမခံအကာအကွယ်တွေအရယူဖို့ ယမ်းအာမခံ ရှိနေပြီ ဖြစ်ကြောင်းလည်းသတင်းကောင်းပါးလိုက်ရပါတယ်...

“တိကျမြန်ဆန်...ယမ်းအာမခံ”