Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

သင့် ကလေး ကို ယာဉ်အန္တရာယ်မဖြစ်စေဖို့

Category : Article, Car Knowledge | Date : September 27, 2019

တစ်နေ့တာမှာ အန္တရာယ်ကင်းဝေးအောင်နေထိုင်စေနိုင်ဖို့ အတွက် သတင်းအချက်အလက်တွေ မျှဝေပေးနေတဲ့ ယမ်းအာမခံ ကနေ ဒီတခါတင်ဆက်ပေးမှာက သင်ကားမောင်းနေစဉ်မှာ သင့်ကလေးကို အန္တရာယ်တစုံတရာ မကျရောက်အောင် ဘယ်လို စောင့်ရှောက်မလဲ ဆိုတဲ့ အကြောင်းအရာ ကို မျှဝေ တင်ဆက်ပေးမှာပါ…

ဘာလို့များ ဒီလိုမျှဝေရတယ် ထင်ပါသလဲ…၂၀၁၅ ခုနှစ်က အမေရိကန်နိုင်ငံမှာ ကောက်ယူ ရရှိတဲ့ စစ်တမ်း တစ်ခုအရ ဖော်ပြချက်အရ မတော်တဆကားတိုက်မှုမှာ သေဆုံးသူဦးရေဟာ ဆယ်ကျော်သက်ကလေးများနဲ့ အသက် ၅ နှစ်အောက်ကလေးတွေအများဆုံးပါဝင်ပါတယ်၊ ဒီတော့ ဒီလို မတော်တဆမှုတွေ ဘာ ကြောင့်ဖြစ်ရလဲ ဆိုတဲ့ အကြောင်းအရင်းနဲ့ ကျွန်တော်တို့ရဲ့ ကလေးတွေကို ဘယ်လို ကာကွယ်ကြမလဲ ဆိုတဲ့ အဖြေဟာ အရေးတကြီးလိုအပ်လာပါပြီ…

ယာဉ်မတော်တဆမှုတွေ ဘာကြောင့် ဖြစ်ရသလဲ ဆိုတာကနေ စဆွေးနွေးရရင်တော့ ယာဉ်တိုက်မှု အများဆုံးဖြစ်စေတာ ကိစ္စ နှစ်ခုရှိနေပါတယ်၊ အရက်မူးပြီးကားမောင်းတာကြောင့်နဲ့ ယာဉ်မောင်းနှင်စဉ်မှာ အာရုံစူးစိုက်မှု အားနည်းခြင်းတွေကြောင့် ဖြစ်တယ်လို့ အမေရိကန်နိုင်ငံက စစ်တမ်းပဲ ဖော်ပြပေးထားပါတယ်…

ဒီ ထိခိုက်မှုဖြစ်စေတဲ့အကြောင်းအရာများကို သင်ကိုယ်တိုင်ကားမောင်နှင်တယ်ဆိုရင်တော့ သတိထားရှောင်ရှားလို့ ရနိုင်ပေမယ့် သင့်ကလေးက၊ ကျောင်းကား၊ ဒါမှမဟုတ် သူစိမ်းတစ်ယောက်ရဲ့ကားမှာ လိုက်ပါရတယ်ဆိုရင် ဘယ်လို ကာကွယ်နိုင်မလဲ ဒီအကြောင်းကို ဆက်လက် ဖတ်ရှုပေးပါဦး…

ပထမဆုံး ကျွန်တော်တို့ လုပ်နိုင်တာ ပညာပေးဖို့ပါ၊ သင့်ရဲ့ ကလေးကို ကားစီးနှင်တဲ့အခါ ထိုင်ခုံ ခါးပတ်ပတ်တတ်အောင် သင်ကြားပေးထားပါ၊ သင့်အနေနဲ့ ဒါကိုမလိုအပ်ဘူးလို့ထင်ကောင်းထင်ပါလိမ့်မယ်၊ ဒါက ဘယ်လောက်အန္တရာယ်ကင်းသလဲ ဆိုတာကို ကျွန်တော် ရာခိုင်နှုန်းအလိုက်ပြောပြပေးချင်ပါတယ်၊ ယာဉ်ထိခိုက်မတော်တဆမှုတွေဖြစ်တဲ့ အခါ ဒီထိုင်ခုံခါးပတ်က ၆၀ ရာနှုန်းလောက်အထိ ထိခိုက်မှုနဲ့  အသက်ဆုံးရှုံးမှုကို လျော့ချပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်၊ ဒီမှာ ဗဟုသုတရစရာ တစ်ခု ထည့်ပြော ရမယ်ဆိုရင် ကလေးကားထိုင်ခုံတွေဖြစ်တဲ့ Baby Car Seat နဲ့ Booster Seat တွေဟာ ၇၁ ရာနှုန်းကနေ ၈၂ ရာနှုန်းလောက်ထိ အန္တရာယ်ကနေ ကာကွယ်ပေးနိုင်ကြောင်း သိရပါတယ်…

ဒါဆို ဒီထိုင်ခုံတွေနဲ့ လည်း အကာအကွယ်ယူထားမယ်ဆို သတိလွတ်သွားရင်တောင် ကျွန်တော်တို့ ကလေးတွေရဲ့ အသက်အန္တရာယ်ကို ရာခိုင်နှုန်းတော်တော်များများစောင့်ရှောက်ထားနိုင်မှာပါ….

ဒီတော့ ကျွန်တော်တို့ ကလေးတွေ ယာဉ်မတော်တဆမှုဖြစ်ရင်တောင် အသက်မဆုံးရှုံးရအောင်အန္တရာယ်က လွတ်မြောက်နိုင်အောင် လုပ်ဆောင်မှုက လွယ်ကူပါတယ်၊ မူးရင်မမောင်းဘူး၊ မောင်းရင် မမူးဘူး၊ ယာဉ်မောင်းစဉ်မှာ အာရုံစူးစိုက်မှု အပြည့်ထားမယ်၊ ကလေးတွေကို ထိုင်ခုံခါးပတ်ပတ်တတ်အောင် သင်ပေးမယ်၊ ဒါအပြင် Safety Car Seat လေးတွေ အသုံးပြုမယ် ဒီလောက်ဆို အန္တရာယ်ရဲ့ ရာနှုန်းတော်တော်များများကနေ လွတ်ကင်းအောင်စောင့်ရှောက်နိုင်ပါပြီ၊ ကျွန်တော်တို့ ကလေးတွေကို အန္တရာယ်က ရာနှုန်းပြည့်ကာကွယ်ချင်တယ်ဆိုရင်တော့ ဒီချက်တွေအပြင် အာမခံ အမျိုးအစားတွေ ရွေးချယ်ထားရှိပေးပါ၊ ဒီလိုဆိုရင်တော့ မထင်မှတ်ဖြစ်ပေါ်လာတဲ့ အန္တရာယ် တွေကနေ ရာနှုန်းပြည့် တားဆီးနိုင်သွားပါပြီ…

ဒီလို သင့်ကလေး အန္တရာယ်ကင်းဝေးစေဖို့ သတင်းအချက်အလက်များ ကျွန်တော်တို့ ယမ်းအာမခံက ထပ်မံဝေမျှပေးဦးမှာဖြစ်လို့ စောင့်မျှော်ဖတ်ရှုဖို့ဖိတ်ခေါ်ပါတယ်…