Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

ATM နဲ့ ကျွန်တော်တို့ အတွက် လုံခြုံမှု

Category : Article, Business | Date : June 4, 2019

ATM ဆိုတာ ဘာလဲ…?
Automated Teller Machine လို့ခေါ်တဲ့ ဘဏ်မှာရှိနေတဲ့ ကျွန်တော်တို့ရဲ့ အကောင့်တခုခုနဲ့ချိတ်ဆက်ပြီး စက်ကနေ ငွေကြေးထုတ်ယူသုံးစွဲနိုင်တဲ့ ATM Card လို့ခေါ်ပါတယ်…

နီးစပ်ရာမှာထုတ်မယ်ဆို…
ဘဏ်နဲ့ အနီးဆုံးနေရာမှာရှိမနေတဲ့ ဈေးဝယ်စင်တာ၊ ဈေးဆိုင်တွေက ATM စက်တွေကနေ ကျွန်တော်တို့ပိုက်ဆံ ထုတ်လေ့ရှိကြပါတယ်၊ ဒီလိုထုတ်မယ်ဆို ဘာတွေသိထားရမလဲ…ကြည့်ကြရအောင်…

၁) စစ်ဆေးပါ
ATM စက်မှ ပိုက်ဆံမထုတ်ခင် ကဒ်ထည့်ရမယ့်နေရာမှာအမှတ်အသားတခုခု ပြုလုပ်ထားမျိုး၊ ဥပမာ PIN Pad မှာ လက်ဗွေခြေရာခံနိုင်အောင်လုပ်ထားခြင်း စသည်တို့ကိုသတိပြုသင့်ပါတယ်…

၂) လေ့လာပါ
အဓိကကတော့ Camera ပုန်းတွေရှိမရှိလေ့လာပါ၊ လုံခြုံရေးအတွက် ဘဏ်ကထားပေးတဲ့ Camera တွေက ထင်ရှားပြတ်သားစွာမြင်ရပါတယ်၊ Camera ပုန်းတွေကနေလည်း သင့်ရဲ့ Card နံပါတ်နဲ့ Password တွေသိ သွားနိုင်ပါတယ်၊
PIN နှိပ်တဲ့အခါမှာ လည်း ဂရုမပြုဘဲအလွယ်တကူနှိပ်တာမျိုးရှောင်သင့်ပါတယ်…

၃) အကြောင်းကြားပါ
အပေါ်က အချက်တွေကိုသတိထားပြီးမလုပ်ဆောင်မိဘူးဆိုရင် သင့် ATM Card ကို တော့အမြဲစစ်ပေးပါ၊ သင်က Credit နဲ့ ချိတ်ထားတယ် Credit Card မှာ သင်မသုံးဘဲ ငွေထုတ်ယူကြောင်း၊ ဈေးဝယ်ကြောင်းပြလာပြီးဆိုရင် ဘဏ်ကိုအမြန်ဆုံးအေ ကြာင်းကြားပေးပါ၊ လူစည်ကားရာ ဈေးဝယ်စင်တာ၊ ဈေးဆိုင်၊ လေဆိပ်နဲ့ မှုခင်းဖြစ်ပွားတတ်တဲ့ နေရာတွေမှာ ATM Card သုံးစွဲခြင်းကို ရှောင်ကြဉ်နိုင်ရင်တော့ အကောင်းဆုံးပါပဲ…

သင်ဟာစီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်မယ်ဆိုရင်တော့ ATM Card တွေကို လုံခြုံစွာ အသုံးပြုရုံသာမက ငွေသားဆုံးရှုံးမှုတွေမဖြစ်ရအောင် စိတ်ချသေချာရတဲ့ အာမခံဝန်ဆောင်မှုတွေကို ရယူထားဖို့လည်းလိုပါတယ်

အာမခံဝန်ဆောင်မှုတွေနဲ့ ပက်သက်လို့ ဝန်ဆောင်မှုရယူချင်တယ်ဆိုရင်တော့ ယုံကြည်စိတ်ချရပြီး အကောင်းဆုံးဝန်ဆောင်မှုပေးနေတဲ့ ကျွန်တော်တို့ ယမ်းအာမခံကို လှမ်းလာဖို့ မမေ့ပါနဲ့နော်

ကျွန်တော်တို့အကြောင်း အသေးစိတ်သိရှိလိုပါက

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
Hot Line (24/7) : 09 44 888 3311 / 3300
Phone : 09 4577 000 11 / 44
Email: info@younggeneralmm.com

တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...