Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

မော်တော်ယာဉ်လမ်းချော်ခြင်းအန္တရာယ်

Category : Article, Car Knowledge | Date : July 13, 2019

မိုးစကျပြီဆိုတာနဲ့ ပတ်ဝန်းကျင်နဲ့ နေထိုင်မှုပုံစံတွေမှာ အေးချမ်းသွားတယ်လို့ ခံစားရပေမယ့်...ကျွန်တော်တို့အမြဲတမ်းကြုံတွေ့နေရတဲ့ ကား နဲ့ မော်တော်ဆိုင်ကယ် အန္တရာယ်တွေကလည်း ဖားတွေ မိုးပျော်သလို ပေါ်လာတော့တာပါပဲ…

ဒီနေ့မှာတော့မိုးရာသီအတွင်းမှာ အများဆုံးကြုံတွေ့ရတဲ့ လမ်းချော်ခြင်းပြဿနာတွေကို ပြောပြချင်ပါတယ်…

မိုးရာသီအတွင်းမှာ ရေတိုက်စားမှုတွေကြောင့် လမ်းတွေအများစုဟာ ပေါက်ပြဲခြင်း ၊ ချော်ခြင်းတွေဖြစ်နိုင်ပါတယ်…

ကျေးလက်ဒေသတွေမှာဆို…ရွံ့မြေတွေကြောင့် လမ်းချော်ခြင်းတွေဟာ အများဆုံးဖြစ်ပွားနိုင်ပါတယ်…

ကျွန်တော့်အနေနဲ့ အထူးသတိပေးလိုတာကတော့…ကျေးလက်နေပြည်သူများကြုံတွေ့ရတဲ့ လမ်းချော်ခြင်းတွေပါ…

အများစုကြုံတွေ့ရတဲ့ လမ်းချော်ခြင်းပြဿနာကတော့ မိုးရေနဲ့ ရွံ့စေးမြေတို့ကြောင့်ဖြစ်ပေါ်လာရတာပါ…

ကျေးလက်ဒေသတွေမှာ မိုးရွာထဲ မော်တော်ဆိုင်ကယ်မောင်းနှင်တဲ့အခါ…လမ်းချော်ပြီး တစ်စီးနဲ့ တစ်စီးတိုက်တာပဲဖြစ်ဖြစ်… ဒါမှမဟုတ်တခြားအရာတွေကို တိုက်တာပဲဖြစ်ဖြစ် ဖြစ်ပွားလေ့ရှိကြပါတယ်…

ဒီလိုအန္တရာယ်တွေ မဖြစ်ပွားဖို့အောက်မှာ ကျွန်တော်ပြောပြမယ့်အချက်လေးတွေကို လိုက်နာကြည့်ပါ…

(၁) တာယာကောင်းကောင်းတပ်ဆင်ပါ

မိုးတွင်းမှာ မိမိမောင်းနှင်တဲ့ မော်တော်ဆိုင်ကယ်ရဲ့ တာယာကို ဖြစ်နိုင်ရင် အသစ်ကိုသာတပ်ဆင်ထားသင့်ပါတယ်…ဒါ့အပြင် ရှိပြီးသားတာယာပန်းတုံးတွေကို ထပ်ပြီး မြှင့်လို့ရပါတယ်…တာယာကောင်းကောင်းတွေဟာ လမ်းချော်ခြင်း အန္တရာယ်တွေကို လျော့ချပေးနိုင်ပါလိမ့်မယ်…

(၂) ဘရိတ်ကောင်းကောင်းတပ်ဆင်ပါ

လမ်းချော်ခြင်းဖြစ်ပွားတဲ့အခါ…အကောင်းဆုံးထိန်းသိမ်းနိုင်တာက မော်တော်ဆိုင်ကယ်ရဲ့ ဘရိတ်တွေပါ… ဘရိတ်ကြိုးတွေကို ပြင်တာပဲဖြစ်ဖြစ်၊ အသစ်လဲတာပဲဖြစ်ဖြစ် (ဒါမှမဟုတ်) ဘရိတ်တုံးတွေကို အသစ်လဲလှယ်တာပဲဖြစ်ဖြစ် ပြုပြင်ထားသင့်ပါတယ်..

(၃) သတိထားမောင်းနှင်ပါ

မော်တော်ကားမောင်းနှင်တဲ့အခါ မောင်းနှင်သူအပေါ်မှာသာ (၁၀၀%) မူတည်နေပါတယ်…ဒါ့ကြောင့်လမ်းချော်ခြင်းဖြစ်ပွားတဲ့အခါ…မောင်းနှင်သူ သင့်အပေါ်မှာသာ မူတည်ပါတယ်…မလိုအပ်ပဲ အရှိန်လွန်မောင်းနှင်ရင် မလိုလားအပ်တဲ့ အန္တရာယ်တွေ ဖြစ်ပွားလာနိုင်ပါတယ်

(၄) အာမခံဝန်ဆောင်မှုရယူပါ

မီးဘေးရှောင်၊ မလောင်ခင်ကတား…ဆိုသလိုမျိုး မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်ပေါ်လာတဲ့အခါ နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်ဖို့ အာမခံဝန်ဆောင်မှုရယူထားခြင်းက အကောင်းဆုံးဖြစ်ပါတယ်…မော်တော်ဆိုင်ကယ်အာမခံ ၊ မော်တော်ယာဉ်အလုံးစုံအာမခံ စတဲ့အာမခံဝန်ဆောင်မှုတွေ ရယူထားခဲ့ရင် နစ်နာဆုံးရှုံးမှုတွေ လျော့နည်းသွားမှာ အသေအချာပါပဲ…

အထက်မှာဖော်ပြခဲ့တဲ့ အချက်လေးတွေကို လိုက်နာနိုင်ခဲ့ရင် မော်တော်ဆိုင်ကယ်လမ်းချော်ခြင်း အန္တရာယ်မှ ကင်းဝေးနိုင်မှာဖြစ်ပါတယ်…ဒါ့အပြင် ကျွန်တော်တို့ ယမ်းအာမခံမှ အာမခံဝန်ဆောင်မှုတွေကိုရယူပြီးလည်း ကာကွယ်နိုင်ပါသေးတယ်…

 

မော်တော်ယာဉ်လမ်းချော်ခြင်း အန္တရာယ်မှ ကင်းဝေးနိုင်ကြပါစေ…