Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

ကားမီးများအကြောင်း သိကောင်းစရာ

Category : Article, Car Knowledge | Date : July 15, 2019

ကားတစ်စီးကိုမောင်းနှင်တော့မယ်ဆိုရင် ကျွန်တော်တို့အားလုံးအတတ်နိုင်ဆုံး အန္တရာယ်မဖြစ်အောင် မောင်းနှင်သင့်ပါတယ်…

ဒီနေ့မှာတော့ ကားတစ်စီးကို အန္တရာယ်ကင်းအောင်မောင်းနှင်တဲ့အခါ အရေးကြီးတဲ့ကားမီးတွေအကြောင်းကို ပြောပြပေးချင်ပါတယ်…

ကားမီးမှာ မီးအသေးနဲ့ မီးအကြီးဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်…

ကားမီးသေး

-ကားမီးအသေးဟာ ညမှောင်ပြီဆိုရင် အသုံးပြုရတဲ့ မီးအမျိုးအစားဖြစ်ပါတယ်...

-ကိုက် ၂၀၀ ထိသာ မြင်ရတဲ့မီးအမျိုးအစားဖြစ်ပြီး လမ်းကိုမြင်သာအောင် အောက်ဆိုက်ထိုးထားသော မီးဖြစ်လို့ တစ်ဖက်ယာဉ်မောင်းရဲ့ အမြင်အာရုံကို အနှောက်အယှက်မဖြစ်စေနိုင်ပါဘူး…

ကားမီးကြီး

-လမ်းမီးမရှိတဲ့ နေရာတွေ (သို့မဟုတ်) မိုးသည်းထန်စွာ ရွာချိန်နဲ့ မြူကျချိန်မှာ ကားမီးကြီးကို အသုံးပြုနိုင်ပါတယ်…တစ်ဖက်ယာဉ်ကို အနှောက်အယှက်မဖြစ်အောင် သတိပြုပြီး သုံးသင့်ပါတယ်…

-ကားမီးကြီးဟာ ကားမီးသေးထက် အလင်းရောင်နှစ်ဆရှိပြီး ကားအရှေ့ကိုက် ၃၅၀-၄၀၀ အကွာအဝေးရှိအရာများကို ရှင်းလင်းစွာ မြင်ရအောင် ကူညီပေးပါတယ်…

-တစ်ဖက်ယာဉ်မောင်းရဲ့ အမြင်အာရုံကို တိုက်ရိုက်ကျရောက်စေလို့ သတိထားပြီး သုံးသင့်တဲ့မီးအမျိုးအစား ဖြစ်ပါတယ်…

ဒီနေ့ဖော်ပြပေးခဲ့တာကတော့ ကားမီးများအကြောင်းပဲဖြစ်ပါတယ်….

ယာဉ်အန္တရာယ်တွေမဖြစ်အောင် အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ…ဒါ့အပြင် ကျွန်တော်တို့ယမ်းအာမခံကနေ ဝန်ဆောင်မှုပေးတဲ့ မော်တော်ယာဉ်အလုံးစုံအာမခံဝန်ဆောင်မှုကို ရယူပြီး မော်တော်ယာဉ်နဲ့ပက်သက်တဲ့ အန္တရာယ်တွေကို ကာကွယ်နိုင်ပါသေးတယ်…