Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

Heat Indicator အကြောင်းသိကောင်းစရာများ

Category : Article, Car Knowledge | Date : June 4, 2019

လူကြီးမင်းတို့ရဲ့ ကားကို စတင်အသုံးပြုဖို့ ကားစက်နှိုးလိုက်ပြီဆိုတာနဲ့ ကားရဲ့ Dashboard ထဲက Sign တွေအကုန်လုံးဟာ ပြန်ပျောက်သွားပါတယ်...

ဒါပေမယ့် မပျောက်ပဲကျန်နေတာကတော့ ကားရဲ့ ဂီယာပြတဲ့ Indicator နဲ့ Heat Indicator ပဲဖြစ်ပါတယ်...

ကားကို စစပြီး စက်နှိုးတဲ့အချိန်မှာ Heat Indicator လေးက လင်းမြဲလင်းနေမှာပါ...

တစ်ကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် Heat Indicator ကအချက်ပြစနစ် မပျောက်မချင်း ကားကို အလျင်စလို မောင်းမထွက်သင့်ပါဘူး...

ကားအင်ဂျင်ရဲ့ လိုအပ်တဲ့အပူချိန်ရောက်ရင် Heat Indicator ဟာ အလိုလိုပိတ်သွားပါလိမ့်မယ်

အဲ့ဒီအခါကျမှသာ ကားကိုစတင်မောင်းနှင်သင့်ပါတယ်...

ဒါ့အပြင် ကားမောင်းသူများအနေနဲ့ Heat Indicator နဲ့ပက်သက်ပြီး သိထားသင့်တဲ့ အချက်တွေရှိပါသေးတယ်

ကားမောင်းနေရင်းနဲ့ Heat Indicator ကနေ အနီရောင်သတိပေးချက်ထွက်ပေါ်လာပြီဆိုရင် ကားကိုအမြန်ဆုံး လမ်းဘေးချပြီး ရပ်လိုက်သင့်ပါတယ်

မိမိကားဟာ အပူချိန်အရမ်းမြင့်လာလို့ အနီရောင်သတိပေးချက် ထွက်ပေါ်လာတာပဲဖြစ်ပါတယ်

အဲ့ဒီအခါ ကားကိုရပ်လိုက်ပြီး ကားရေတိုင်ကီ ၊ လေအေးပေးတဲ့ပန်ကာ ၊ ရေလည်အုံတွေ ချို့ယွင်းနေလားဆိုတာကို သေချာစစ်ဆေးသင့်ပါတယ်...

ကားရေတိုင်ကီကို စစ်ဆေးတဲ့အခါမှာ အထူးသတိထားပြီး စစ်ဆေးသင့်ပါတယ်

ကားမောင်းသူအများစုဟာ ကားကိုရပ်လိုက်ပြီဆိုတာနဲ့ ကားရေတိုင်ကီအဖုံးကို အပြေးအလွှားဖွင့်တတ်ကြပါတယ်

တကယ်တော့ ကားရေတိုင်ကီအဖုံးကို ကားစက်ရပ်ရပ်ချင်း မဖွင့်သင့်ပါဘူး

ကားစက်ရပ်လိုက်တဲ့အချိန်မှာ ကားရေတိုင်ကီဟာ အပူချိန်လွန်ကဲနေချိန်ဖြစ်တာမို့ ရေပူတွေဟာ တွန်းကန်ထွက်လာပါလိမ့်မယ်

ဒါကြောင့် Heat Indicator ရဲ့ အရေးပါပုံနဲ့ သတိပေးချက်ကြောင့်စစ်ဆေးတဲ့အခါ အန္တရာယ်ကင်းနိုင်ကြစေရန် နည်းစနစ်နစ်ကျကျစစ်ဆေးဖို့ တိုက်တွန်းရင်း နောက်နေ့တွေမှာလည်း ကားနဲ့ပက်သက်ပြီး ဘယ်လိုအကြောင်းအရာတွေကို ဖော်ပြပေးဦးမလဲဆိုတာ စောင့်မျှော်ဖတ်ရှုပေးကြပါဦးနော်...

ကျွန်တော်တို့အကြောင်း အသေးစိတ်သိရှိလိုပါက

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
Hot Line (24/7) : 09 44 888 3311 / 3300
Phone : 09 4577 000 11 / 44
Email: info@younggeneralmm.com

တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...