Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

မိုးရွာနေစဉ် ကားမောင်းသူများ လိုက်နာရမည့်အချက်များ

Category : Article, Car Knowledge | Date : July 15, 2019

သည်ရာသီဟာ မိုးရာသီဖြစ်တာနဲ့အညီ ကားမောင်းသူများ ကြုံတွေ့နေကျဖြစ်တဲ့ ယာဉ်အန္တရာယ်များကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ဖို့ ကားအကြောင်းသိကောင်းစရာများ အစီအစဉ်မှ ‘မိုးရွာနေစဉ် ကားမောင်းသူများ လိုက်နာရမည့်အချက်များ’ ကို ရေးသားတင်ဆက်ပေးလိုက်ပါတယ်နော်…

ယာဉ်အန္တရာယ်အများစုကို ကြည့်လိုက်ရင် မိုးရာသီမှာ အဖြစ်များပါတယ်…

ဒါကြောင့် မိုးရွာနေစဉ်ကာလအတွင်း မဖြစ်မနေ ကားမောင်းရတော့မယ်ဆိုရင် အောက်ဖော်ပြပါအချက်များကို လိုက်နာဖို့ ယမ်းအာမခံမှ သတိပေးတိုက်တွန်းလိုက်ပါရစေ…

မိုးလည်းရွာနေတယ်…သင်ကလည်း ကားမောင်းနေရတယ်ဆိုရင်…

၁) ကားမှန်က Wipers ကို အမြဲတမ်း ON ထားပါ… ကားမောင်းသူမြင်ကွင်းကို အမြဲတမ်းကြည်လင်ပြတ်သားစေရန်အတွက် ဖြစ်ပါတယ်…ဒါကအရေးကြီးဆုံးအချက်ဖြစ်ပါတယ်…

၂) ကားကို ဖြေးဖြေးမှန်မှန်မောင်းနှင်ပါ…အလောတကြီးနဲ့ မြန်မြန်မမောင်းဖို့ သတိထားပါ…မိသားစုတွေပါရင် ပိုလို့တောင် သတိထားပါလို့ အကြံပြုလိုပါတယ်…

၃) ကိုယ်သွားလိုသည့် လမ်းကြောင်းကို အမြဲအာရုံစိုက်မောင်းနှင်ပါ…ကားမောင်းနေစဉ်မှာ တခြားအာရုံတွေကို စိတ်ထဲမှာ မထားပါနဲ့…

၎) လိုအပ်ပါက ရှေ့မီးကြီးထိုး၍ မောင်းနှင်ပါ…

၅) ကားစီယာဒိုင်ကို လက်နှစ်ဖက်စလုံးဖြင့် မြဲမြဲဆုပ်ကိုင်မောင်းနှင်ပါ…သတိကြီးစွာ ထား၍မောင်းနှင်ပါ…

၆) ရှေ့ကားနှင့် ၅ စက္ကန့်စာလောက် အကွာအဝေးထား မောင်းနှင်ပါ…ရုတ်တရတ် မတော်တဆမှုတွေကနေလွတ်ကင်းအောင်ပါ….

၇) ရုတ်တရက် အရှိန်ပြင်းစွာ Brake သုံးစွဲခြင်းကို ရှောင်ကျဉ်နိုင်ပါစေ…ဒီိလိုလုပ်ခြင်းဟာ ကားလမ်းကြောင်းကို ပြောင်းလဲသွားနိုင်ပါတယ်…

၈) နစ်နာဆုံးရှုံးမှုတွေ မဖြစ်ပေါ်ရအောင်…အာမခံထားပါ…မော်တော်ယာဉ်အလုံးစုံအာမခံ လိုမျိုး အာမခံဝန်ဆောင်မှုတွေကို ရယူထားပါ…

မိတ်ဆွေများ အားလုံး အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ကြပါစေလို့ ကျွန်တော်တို့ ယမ်းအာမခံမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်…