မင်္ဂလာပါ ယန်းအာမခံ မှ ကြိုဆိုပါတယ်
Young Insurance Co., Ltd. သည် မြန်မာနိုင်ငံ၏ ကုမ္ပဏီအက်ဥပဒေအောက်တွင် ၂၀၁၃ မတ်လမှ စတင်ကာ တည်ထောင်ထားသော ပုဂ္ဂလိက လီမိတက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်အား အာမခံလုပ်ငန်းကြီးကြပ်ရေးဘုတ်အဖွဲ့ (IBRB) မှ တရားဝင်လိုင်စင်ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံရှိ အိမ်ထောင်စုတိုင်းနှင့် စီးပွားရေးလုပ်ငန်းတိုင်းမှာ အနည်းဆုံး အာမခံမူဝါဒတစ်ခုစီ ရရှိအောင် ပေးဆောင်နိုင်သော လူထုအကျိုးပြုအာမခံကုမ္ပဏီတစ်ခုဖြစ်လာရန် ဖြစ်ပါသည်။
ယန်းအာမခံသည် ခိုင်မာသော ငွေကြေးအင်အား၊ စနစ်တကျ စီမံခန့်ခွဲမှုနည်းဗျူဟာများနှင့် နိုင်ငံတကာမှ အောင်မြင်သော အာမခံကုမ္ပဏီများ၏ အထောက်အပံ့နှင့် ထောက်ခံမှုများစွာကိုရရှိထားပြီး လူကြီးမင်းတို့၏စိတ်တိုင်းကျ အကောင်းဆုံးဝန်ဆောင်မှုများရရှိစေရန်အတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။
လူကြီးမင်းတို့၏ စိုးရိမ်ပူပန်မှုများအတွက် ယန်းအာမခံမှ တာဝန်ယူပါရစေ

အာမခံအမျိုးအစားများ
ဖောက်သည်များအတွက် သိရှိရန်အချက်များနှင့် လိုအပ်သည့်အကူအညီများကို ကျွန်ုပ်တို့က တက်ကြွစွာ ပေးဆောင်နေပါသည်။

စက်မှုအလုံးစုံအာမခံ
ဤအာမခံမူဝါဒသည် စီးပွားရေးလုပ်ငန်းများအား တစုံတရာ ထိခိုက်မှုများမှ အပြည့်အဝကာကွယ်ပေးရန် အထူးသင့်လျော်စွာ ဖန်တီးထားသော မူဝါဒတစ်ရပ် ဖြစ်ပါသည်။

မီးနှင့်သဘာဝဘေးအန္တရာယ်အာမခံ
မမျော်လင့်ထားသော မီးလောင်မှုကြောင့် ဖြစ်ပေါ်လာနိုင်သော ပျက်စီးမှုများအတွက် ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ထားသော အာမခံမူဝါဒ တစ်ရပ်ဖြစ်ပါသည်။

မော်တော်ယဉ်အာမခံ
မတော်တဆဖြစ်ပွားနိုင်သော ထိခိုက်ပျက်စီးမှုများအတွက် သင့်ကားများကို ကာကွယ်ပေးနိုင်သော အထွေထွေ အာမခံမူဝါဒ တစ်ရပ်ဖြစ်ပါသည်။
ဝန်ဆောင်မှု မှတ်ချက်များ
ဖောက်သည်များ၏ အတွေ့အကြုံမှ တန်ဖိုးရှိသော စကားများ
ယန်းမှာ အာမခံထားရင် လျော်ကြေးပိုင်းမှာရော ဝန်ဆောင်မှုပိုင်းမှာပါ အစစအရာရာ အဆင်ပြေတဲ့အတွက် ကျွန်တော်တို့ကုမ္ပဏီက ကားတွေကို ယန်းမှာ အာမခံထားခြင်း ဖြစ်ပါတယ်။
မိတ်ဆွေအပေါင်းအသင်းတွေကိုလည်း ယန်းမှာအာမခံထားဖို့ အကြံပေးဖြစ်ပါတယ်။
U San Aung
ယန်းအာမခံအနေနဲ့ အာမခံစည်းမျဉ်းစည်းကမ်းအတိုင်း လုပ်သင့်လုပ်ထိုက်တာတွေကို လုပ်ပေးသလို extra service ဖြစ်တဲ့ ယာဉ်မောင်းတွေကိုလည်း သင်တန်းတွေ ပြုလုပ်ပေးပြီးတော့ ကျွန်တော်တို့ ကုမ္ပဏီရဲ့ ဆုံးရှုံးခဲ့တဲ့ စရိတ်တွေကို မှန်မှန်ကန်ကန် ပြုလုပ်ပေးလို့ အားရကျေနပ်မှုရှိပါတယ်။
U Zaw Tun
အာမခံထားတာက ကောင်းပါတယ်။ ယန်းအာမခံမှာ အာမခံထားတဲ့အတွက် စိတ်ပူစရာမရှိပါဘူး။
Ko Yell Htet Naing
တကယ်ကို ကျေးဇူးတင်ပါတယ်။
ယန်းအာမခံအနေနဲ့ သေချာဂရုစိုက်ပေးတဲ့အတွက် ကုန်ကျစရိတ်ကို အပြည့်အဝ ပြန်ထုတ်ပေးတယ်။ ဒီထက် ကျေးဇူးတင်စရာမရှိတော့ပါဘူး။
ဂရုတစိုက်လုပ်ပေးတဲ့ YOUNG Insurance အဖွဲ့တွေ၊ YOUNG Insurance ကို အများကြီး ကျေးဇူးတင်ပါတယ်။
Daw Khin Khyu Khyu Hlaing
ယန်းအာမခံက claim ဖြစ်သွားတဲ့အပေါ်မှာ စိတ်လုံခြုံမှုပေးတယ်။
အမတို့ ပျက်စီးဆုံးရှုံးသွားတဲ့ ပစ္စည်းတွေကို cover ဖြစ်တယ်လို့ အမက ခံစားရပါတယ်။
YOUNG Insurance Team တခုလုံးကို အရမ်းကျေးဇူးတင်ပါတယ်။
အမတို့ ဒုက္ခရောက်နေတဲ့အချိန်မှာ နွေးထွေးစွာဆက်ဆံပေးတဲ့အတွက် လျော်ကြေးကိစ္စမှာလည်း အချိန်နဲ့အညီ ဆောင်ရွက်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လူတိုင်းကို YOUNG Insurance ကို ထားကြဖို့လည်း တိုက်တွန်းချင်ပါတယ်။