ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော အာမခံထားသူများအတွက် လျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ယန်းအာမခံမှ အမှုဆောင်အရာရှိကြီးများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အာမခံထားသူများ တက်ရောက်ခဲ့ကြပါသည်။
ယန်းအာမခံမှ ဒေါ်ခိုင်သဇင်ချိုအား နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ (၄,၈၁၆,၁၂၅) တိတိကို အဆိုပါပွဲတွင် ပေးအပ်ခဲ့ပါသည်။
ယန်းအာမခံ၏ ဤလျော်ကြေးငွေသည် ငလျင်ဒဏ်သင့် ပြည်သူများအတွက် ဘဝသစ်တစ်ခု ပြန်လည်စတင်ရန်နှင့် အနာဂတ်ကို ပြန်လည်တည်ဆောက်ရန်အတွက် အားဆေးတစ်ခွက် ဖြစ်စေရန် ရည်ရွယ်ပါသည်။