မင်္ဂလာပါ ယန်းအာမခံ မှ ကြိုဆိုပါတယ်
အရည်အသွေးမြင့် ဝန်ဆောင်မှုများ ပေးဆောင်နေပါသည်။
Young Insurance Co., Ltd. သည် မြန်မာနိုင်ငံ၏ ကုမ္ပဏီအက်ဥပဒေအောက်တွင် ၂၀၁၃ မတ်လမှ စတင်ကာ တည်ထောင်ထားသော ပုဂ္ဂလိက လီမိတက်ကုမ္ပဏီတစ်ခုဖြစ်ပြီး အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်အား အာမခံလုပ်ငန်းကြီးကြပ်ရေးဘုတ်အဖွဲ့ (IBRB) မှ တရားဝင်လိုင်စင်ရရှိထားသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ မြန်မာနိုင်ငံရှိ အိမ်ထောင်စုတိုင်းနှင့် စီးပွားရေးလုပ်ငန်းတိုင်းမှာ အနည်းဆုံး အာမခံမူဝါဒတစ်ခုစီ ရရှိအောင် ပေးဆောင်နိုင်သော လူထုအကျိုးပြုအာမခံကုမ္ပဏီတစ်ခုဖြစ်လာရန် ဖြစ်ပါသည်။
ယန်းအာမခံသည် ခိုင်မာသော ငွေကြေးအင်အား၊ စနစ်တကျ စီမံခန့်ခွဲမှုနည်းဗျူဟာများနှင့် နိုင်ငံတကာမှ အောင်မြင်သော အာမခံကုမ္ပဏီများ၏ အထောက်အပံ့နှင့် ထောက်ခံမှုများစွာကိုရရှိထားပြီး လူကြီးမင်းတို့၏စိတ်တိုင်းကျ အကောင်းဆုံးဝန်ဆောင်မှုများရရှိစေရန်အတွက် ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။
မော်တော်ယာဉ်၊ မီးလောင်မှု၊ စက်မှုလုပ်ငန်း၊ ရေကြောင်းသင်္ဘော၊ ပစ္စည်းတင်ပို့မှု၊ ငွေသိုလှောင်မှုနှင့် ပို့ဆောင်မှုအာမခံများအပါအဝင် သင့်အတွက် အရေးကြီးဆုံးအရာများကို ကာကွယ်ပေးနိုင်ဖို့ ဖန်တီးထားသော အာမခံမျိုးစုံကို Young Insurance မှ ယုံကြည်စွာ ပေးဆောင်လျက်ရှိပါသည်။
