ပင်မ » အာမခံ » မော်တော်ယဉ်အာမခံ

မော်တော်ယဉ်အာမခံ

မော်တော်ယာဉ် အာမခံ ဆိုသည်မှာ မတော်တဆထိခိုက်မှုများမှ သင့်ကားနှင့် ယာဉ်များကို ကာကွယ်ပေးနိုင်သည့် အာမခံအမျိုးအစား ဖြစ်သည်။ လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် တရားဝင်မှတ်ပုံတင်ထားသော ပိုင်ရှင်ကိုယ်ပိုင်ကားများ၊ တက္ကစီများနှင့် အခြားအသုံးအဆောင်ယာဉ်အမျိုးမျိုးအတွက် အကျုံးဝင်သည်။

ဆုံးရှုံးမှုကိုကာကွယ်ရန် အခုပဲဆက်သွယ်လိုက်ပါ

ရရှိမည့်အကာအကွယ်များ

  • Windscreen Coverage – လေကာမှန်တန်ဖိုး၏ ၅% (အများဆုံး ၃,၀၀၀,၀၀၀ ကျပ် အထိ)
  • SRCC (သပိတ်၊ အဓိကရုဏ်းနှင့် လူထုအုံကြွမှု) - အာမခံထားငွေ၏ ၀.၀၅%
  • ပြင်ပအဖွဲ့အစည်းက တာဝန်ယူမှု 
  • ယာဉ်တိုက်မှု (သို့မဟုတ်) တိမ်းမှောက်ခြင်း
  • မီး၊ လျှပ်စီးကြောင်းကြောင့်ဖြစ်သော မီး၊ ပြင်ပပေါက်ကွဲမှု
  • ယာဉ်ပေါ်မှ အရာ၀တ္ထုများ ပြုတ်ကျခြင်း  
  • မကောင်းသော အရာကြောင့် ပျက်စီးခြင်း
  • ရေလမ်း သို့မဟုတ် ကုန်းလမ်း ပို့ဆောင်စဉ် ပျက်စီးခြင်း 
  • ကားပြင်စရိတ် - ၁၀၀,၀၀၀ ကျပ်
  • တရားဝင် ကုန်ကျစရိတ် - ၂၀၀,၀၀၀ ကျပ်

အပိုအကာအကွယ်များ

  • သဘာဝဘေးအန္တရာယ်များ၊ ရေကြီးခြင်း၊ လေမုန်တိုင်း ငလျင်အတွက် အာမခံတန်ဖိုး၏ ၀.၀၅%
  • ခိုးယူ၊ ပျောက်ဆုံးခြင်းအတွက် အခြေခံပရီမီယံ၏ ၁၅%
  • စစ်နှင့်စစ်အသွင် အန္တရာယ်အတွက် အာမခံတန်ဖိုး၏ ၀.၀၅%
  • Nil Excess (ကျပ် ၀.၁ သိန်းအထိ)-ကျပ် ၂၅,၀၀၀ (ပိုလျှံသည့်ပမာဏ တိုးလာသည်နှင့်အမျှ ကုန်ကျစရိတ် ပရီမီယံကို လျှော့ချခွင့်ရှိသည်)
  • ပိုကောင်းလာခြင်း - ပျက်စီးနေသော အစိတ်အပိုင်းများကို ပိုမိုကောင်းမွန်သော အစိတ်အပိုင်းများဖြင့် ပြုပြင်ခြင်း သို့မဟုတ် အစားထိုးခြင်းအတွက် အကျုံးဝင်ပါသည်။

Claim Process & Procedures

ယာဉ်မတော်တဆမှုဖြစ်လျှင် လိုက်နာရမည့် အချက်များ

  1. မတော်တဆမှုဖြစ်ရင် YOUNG Insurance Co.,Ltd ထံတိုင်ကြားရန် Hotline နံပါတ်များ ၀၉-၄၄ ၈၈၈ ၃၃၀၀ နှင့် ၀၉-၄၄ ၈၈၈ ၃၃ ၁၁ မှ တဆင့် တိုင်ကြားပါ။
  2. မတော်တဆမှုဖြစ်လျှင် မတော်တဆဧရိယာမှ မရွှေ့မီ တဖက် ယာဉ်ပေါ်တွင် တဖက်ကား၏ လိုင်စင်နံပါတ်ပြားကို ဓာတ်ပုံရိုက်ပါ။
  3. ယာဉ်မောင်းလိုင်စင်၊ ယာဉ်ဘီးခွန်နှင့် ယာဉ်ပျက်စီးမှု ဓာတ်ပုံများကို အာမခံကုမ္ပဏီသို့ ပေးဆောင်ရမည် ဖြစ်ပါသည်။
  4. စေ့စပ်ညှိနှိုင်းမှု၊ ဆွေးနွေးမှုများ၊ ဖြေရှင်းမှုများ သို့မဟုတ် တာဝန်ယူမှုတို့ကို ကိုယ်တိုင်လက်ခံခြင်းမပြုဘဲ အာမခံကုမ္ပဏီသို့ ပေးဆောင်ရမည်ဖြစ်ပါသည်။
  5. အာမခံထားသောယာဥ်သည် အခြားယာဉ်၏အမှားကြောင့် ပျက်စီးသွားသည် ဖြစ်ပါက ၎င်း အခြေအနေတွင် အာမခံထားရှိသော ယာဉ်ပိုင်ရှင်သည် အခြားယာဉ်ပျက်စီးမှုအတွက် လျော်ကြေးငွေတောင်းခံပြီး YOUNG Insurance သို့ အကြောင်းကြားပေးရပါမည်။
  6. အာမခံထားသူသည် ယာဉ်မတော်တဆမှုနှင့် ပတ်သက်သည့် အချက်အလက်များကို မရှင်းလင်းပါက သက်ဆိုင်ရာ ယာဉ်ထိန်းရဲစခန်းသို့ တိုင်ကြားရမည်ဖြစ်ပါသည်။