ယန်းအာမခံရဲ့ အာမခံအေးဂျင့်သင်တန်း အမှတ်စဉ် ( ၀၂/၂၀၂၅ ) ကို ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ပါတယ်။
ဒီသင်တန်းကို အာမခံလောကအတွင်း နှစ်ပေါင်း (၃၀) ကျော် အတွေ့အကြုံရှိ ဝါရင့်ဆရာဦးလွင်ဦး မှ ဦးဆောင်ကာ အခြားသော ဆရာ/ ဆရာမနဲ့အတူ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
ယနေ့ ဖွင့်လှစ်သင်ကြားပေးခဲ့တဲ့ အာမခံအေးဂျင့်သင်တန်း ပထမနေ့မှာ ဆရာဦးလွင်ဦး မှ Concept of Insurance & Its Evolution, Principal of Insurance ဘာသာရပ်များကို သင်ကြားပေးခဲ့ပြီး ဆရာမ ဒေါက်တာ ခင်မြတ်သူ မှ Basic Selling Technique ဘာသာရပ် နဲ့ ဆရာမဒေါ်လှလှမွန် မှ Insurance Claims ဘာသာရပ်တို့ကို အသီးသီး သင်ကြားပြသပေးသွားခဲ့ပါတယ်။



