နေပြည်တော်၊ မြန်မာ့မီးရထားဌာန သို့ Young Group မှ ငလျင်အရေးပေါ်အကူအညီလိုအပ်သူများအတွက် ပစ္စည်းများလှုဒါန်း

Posted Date : 2025-04-01

မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်းအားပြင်းငလျင်ကြောင့် ငလျင်ဒဏ်အခြေအနေဆိုးရွားစွာခံစားခဲ့ရသော နေပြည်တော်ရှိ ငလျင်ဒဏ်သင့် မိဘပြည်သူများအတွက် ရည်ရွယ်ကာ Young Group မှလိုအပ်သောပစ္စည်းများကို နေပြည်တော်၊ မြန်မာ့မီးရထားဌာနသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှုဒါန်းခဲ့ပါတယ်။

၂၀၂၅ ခုနှစ်၊ ဧပရယ်လ၊ (၁) ရက်နေ့တွင် ငလျင်ဒဏ်သင့်အိမ်ထောင်စုများလိုအပ်နေသော ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ Power Bank၊ ကြက်သွန်၊ ငါးသေတ္တာ၊ အာလူး အစရှိသည့် မီးဖိုချောင်သုံးပစ္စည်းများသွားရောက်လှုဒါန်းခဲ့ပါတယ်။

အင်းအားပြင်းငလျင်ကို ခံစားခဲ့ရသော မြန်မာပြည်သူပြည်သားများအားလုံး ကပ်ဘေးအန္တရာယ်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။