ငလျင်ဒဏ်ကို အပြင်းအထန်ခံစားခဲ့ရသော ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို လိုအပ်သောပစ္စည်းများဖြစ်သည့် ရေသန့်၊ Power Bank၊ အားသွင်းမီးလုံးနှင့် ဓါတ်မီး အစရှိသည့် ပစ္စည်းများကို Young Group အဖွဲ့သားများမှ ၂၀၂၅ ခုနှစ်၊ မတ်လ၊ (၃၁) ရက်နေ့တွင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနသို့ ပေးအပ်လှုဒါန်းခဲ့ပါသည်။
မတ်လ (၂၈) ရက်နေ့တွင် ပြင်အားအဆင့် ရစ်ချက်တာစကေး ၇.၇ ရှိသည့်မြေငလျင်ကြောင့် ပြည်သူအများအပြား ငလျင်ဒဏ်ကို ခံစားခဲ့ကြရပါသည်။
မြန်မာပြည်သူပြည်သားများအားလုံး ကပ်ဘေးအန္တရာယ်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

