ပြည်သူများ၏ နေ့စဉ်ဘဝလုံခြုံစိတ်ချရမှုအတွက် ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသော ယန်းအာမခံ (Young Insurance) သည် Fary Taxi Company နှင့် နားလည်မှုစာချွန်လွှာ (Memorandum of Understanding-MOU) လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ (၁) ရက်နေ့တွင် အောင်မြင်စွာ ပြုလုပ်ကျင်းပခဲ့ပါသည်။
ယခုကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းသည် ယန်းအာမခံတွင် အာမခံထားရှိသူများအတွက် ဝန်ဆောင်မှုကဏ္ဍများကို မြှင့်တင်ပေးခြင်းသာမက နေ့စဉ်သွားလာရေးကိစ္စရပ်များတွင်ပါ ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။
Fary Taxi ဖြင့် စီးနင်းလိုက်ပါသည့် ခရီးစဉ်တိုင်းတွင် စီးနင်းသူများအနေဖြင့် ယန်းအာမခံ၏ ခိုင်မာသော အကာအကွယ်များကို ခံစားရရှိနိုင်တော့မည်ဖြစ်ပြီး၊ ခရီးသည်များအတွက် ယုံကြည်စိတ်ချရမှုနှင့် အကောင်းဆုံးသော တက္ကစီဝန်ဆောင်မှု အတွေ့အကြုံသစ်များကို ပေးအပ်သွားမည် ဖြစ်ပါသည်။