ယန်းအာမခံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ က Pan Pacific Hotel ၌ အောင်မြင်စွာ ကျင်းပခဲ့သည့် "SG60: SINGAPORE REIMAGINED - Tastes & Tunes" အခမ်းအနားတွင် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ပါဝင်ကူညီ ပံ့ပိုးပေးခဲ့ပါသည်။
ဤအခမ်းအနားသည် စင်ကာပူနိုင်ငံ၏ ထူးခြားသော ယဉ်ကျေးမှု၊ အရသာရှိသော အစားအသောက်များ နှင့် အနုပညာဖျော်ဖြေမှုများ ကို ပေါင်းစပ်တင်ဆက်ထားသည့် အခမ်းအနားကြီးဖြစ်ပါသည်။
ယန်းအာမခံသည် ဤပွဲခမ်းအနားတွင် မိတ်ဖက်အဖွဲ့အစည်းများ နှင့် လုပ်ဖော်ကိုင်ဖက်များ တို့နှင့်အတူ တွေ့ဆုံကာ ရင်းနှီးချစ်ကြည်စွာ ပါဝင်ခဲ့ပါသည်။ အရသာရှိသော အစားအသောက်များ နှင့် ထူးခြားသော ဖျော်ဖြေရေးအစီအစဉ်များ ကို ကြည့်ရှုအားပေးခြင်း၊ အာမခံအသိပညာပေးခြင်း အစီအစဉ်များ ပြုလုပ်ခြင်း၊ လာရောက်လေ့လာသူများနှင့်အတူ ပျော်ရွှင်ဖွယ်ရာ ဉာဏ်စမ်းအစီအစဉ်များ ပြုလုပ်ပေးပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ခြင်း တို့ကိုလည်းပြုလုပ်ခဲ့ပါသည်။
ယန်းအာမခံသည် ဤကဲ့သို့သော နိုင်ငံတကာအဆင့်မီ အခမ်းအနားများကို ပံ့ပိုးပေးခြင်းဖြင့် လူမှုအသိုင်းအဝိုင်းနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံရေးများကို တန်ဖိုးထားလျက်ရှိပါသည်။