ယန်းအာမခံဟာ မိတ်ဖက်များကိုသာမက မိမိတို့ရဲ့ ဝန်ထမ်းများကိုပါ မိသားစုလိုမျိုး သဘောထားပြီး ကောင်းမွန်တဲ့အရာတွေကိုပဲ ပေးအပ်လာခဲ့တာ (၁၀) စုနှစ်တိုင် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။
ဒီလိုမျိုး ကောင်းမွန်တဲ့အရာတွေကို (၂၀၂၅) နှစ်သစ်မှာလည်း ယန်းအာမခံက ဝန်ထမ်းများအားလုံးအတွက် ယူဆောင်လာခဲ့ပါတယ်။
ဝန်ထမ်းများရဲ့ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေအတွက် ရည်ရွယ်ပြီး “ နှစ်တိုငွေပင်ငွေရင်းအာမခံ ” ကို ယန်းအာမခံကနေ ဝန်ထမ်းများရဲ့ ခံစားခွင့်အလိုက် ပရီမီယံကြေး ပေးသွင်းပြီး ပေးအပ်ခဲ့ပါတယ်။
ရရှိထားတဲ့ “ နှစ်တိုငွေပင်ငွေရင်းအာမခံ ” ခံစားခွင့်များအလိုက် ဝန်ထမ်းဖြစ်နေသမျှကာလပတ်လုံး ပရီမီယံကြေး ကင်းလွတ်ခွင့်ဖြင့် ခံစားနိုင်မှာဖြစ်ပြီး ဝန်ထမ်းမဖြစ်တော့တဲ့အခါမှာတော့ ပရီမီယံကြေး ပေးသွင်းပြီး ဆက်လက် ခံစားနိုင်မှာဖြစ်ပါတယ်။
ဒီလို အာမခံထားရှိလိုက်ခြင်းအားဖြင့် ဝန်ထမ်းများရဲ့ ဝင်ငွေများထဲမှ အချို့တဝက်ကို စုဆောင်းငွေအဖြစ် ထားရှိနိုင်ခြင်း၊ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်များမှာ ငွေကြေးအတွက် စိုးရိမ်ပူပန်စရာမလိုတော့ခြင်း၊ အခြားဝင်ငွေတစ်ခုကဲ့သို့ သတ်မှတ်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများကို ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။
“ နှစ်တိုငွေပင်ငွေရင်းအာမခံ ” ကို ခံစားခွင့်ရရှိသူ ဝန်ထမ်းများအား ပေးအပ်နေတဲ့ပုံရိပ်များကိုလည်း ယန်းအာမခံကနေ ပြန်လည်မျှဝေပေးလိုက်ရပါတယ်။

