မော်တော်ယာဉ် လုံးဝပျက်စီးမှု (Total Loss) အတွက် အာမခံလျော်ကြေးငွေ ကျပ် (၁,၂၃၃) သိန်းတိတိကို လွှဲပြောင်းပေးအပ်ခြင်း

Posted Date : 2026-07-28

မကြာသေးမီက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၁) မိုင်၊ ပျော်ဘွယ်မြို့အနီးတွင် မော်တော်ယာဉ် လမ်းချော်မှုဖြစ်ပွားကာ သစ်ပင်အား အရှိန်လွန် ဝင်ရောက်တိုက်မိခဲ့သော မတော်တဆမှုဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါသည်။

အဆိုပါ မတော်တဆမှုကြောင့် မော်တော်ယာဉ်မှာ လုံးဝပျက်စီးဆုံးရှုံးမှု (Total Loss) ဖြစ်ပေါ်ခဲ့ရာ၊ ယန်းအာမခံ (Young Insurance) အနေဖြင့် ဝယ်ယူသူများအပေါ်ထားရှိသော တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အချိန်နှင့်တစ်ပြေးညီ စိစစ်အတည်ပြုမှုများကို အမြန်ဆုံး ဆောင်ရွက်ခဲ့ပါသည်။

ထို့နောက် ယာဉ်ပိုင်ရှင်ထံသို့ ထိုက်သင့်သော အာမခံလျော်ကြေးငွေဖြစ်သည့် ကျပ်သိန်း (၁,၂၃၃) တိတိ (၁၂၃,၃၀၀,၀၀၀ ကျပ်) ကို အောင်မြင်စွာ လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်ပါသည်။

ခရီးသွားလာရေးတွင် မမျှော်မှန်းနိုင်သော မတော်တဆမှုများနှင့် ကြုံတွေ့လာရချိန်၊ ထိခိုက်ဆုံးရှုံးမှုများကြောင့် စိတ်ပိုင်းဆိုင်ရာနှင့် ငွေကြေးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်ရချိန်တိုင်းတွင် "မိမိတို့ဘေး၌ ယုံကြည်စိတ်ချရသော အားကိုးရာတစ်ခု အမြဲရှိနေသည်" ဟူသော စိတ်အေးချမ်းမှုက အရာရာကို ပြန်လည်စတင်နိုင်ရန်အတွက် အကောင်းဆုံးသော ခွန်အားတစ်ရပ်ပင် ဖြစ်ပါသည်။ ယန်းအာမခံသည် ဝယ်ယူသူများ၏ ထိုကဲ့သို့သော ခက်ခဲကျပ်တည်းသည့် အချိန်ကာလများတွင် အကောင်းဆုံးသော မိတ်ဆွေစစ်အဖြစ် ရပ်တည်ပေးနိုင်ရန် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါသည်။