မကြာသေးခင်က ယန်းအာမခံတွင် အလုံးစုံမော်တော်ယာဉ်အာမခံ ထားရှိသော မော်တော်ယာဉ်တစ်စီးသည် အလုံမှ ထောက်ကြန့်သို့ အပြန်ခရီးစဉ်တွင် မထင်မှတ်ထားသော ယာဉ်တိုက်မှုတစ်ခုနှင့် ကြုံတွေ့ခဲ့ရပါသည်။ တစ်ဖက်ယာဉ်ကြောမှ မောင်းနှင်လာသော ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ဘဲ ရုတ်တရက် ဝင်ရောက်တိုက်မိခဲ့ခြင်း ဖြစ်ပါသည်။
အဆိုပါ မတော်တဆမှုကြောင့် အာမခံထားရှိသော မော်တော်ယာဉ်၏ ထိခိုက်ပျက်စီးမှု ပမာဏမှာ အလွန်ကြီးမားများပြားခဲ့ပါသည်။ ယန်းအာမခံ အနေဖြင့် အာမခံထားရှိသူ မော်တော်ယာဉ်ပိုင်ရှင်၏ နစ်နာမှုများကို အမြန်ဆုံး သက်သာရာရစေရန်နှင့် စိတ်အေးချမ်းမှု အပြည့်အဝ ပြန်လည်ရရှိစေရန်အတွက် အဆိုပါယာဉ်ကို Total Loss (အလုံးစုံ ပျက်စီးဆုံးရှုံးမှု) အဖြစ် သတ်မှတ်ပေးခဲ့ပြီး အာမခံလျော်ကြေးငွေ ကျပ် ၈၅,၃၀၀,၀၀၀ (ကျပ် ၈၅၃ သိန်းတိတိ) ကို အချိန်ကြန့်ကြာမှု လုံးဝမရှိစေဘဲ အမြန်ဆုံးနှင့် အပြည့်အဝ တာဝန်ယူ ပေးလျော်ခဲ့ပြီး ဖြစ်ပါသည်။