ငလျင်အတွင်း နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေးငွေ (၄,၅၀၀,၀၀၀) တိတိပေးအပ်ခြင်း

Posted Date : 2025-06-18

ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော အာမခံထားသူများအတွက် လျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ယန်းအာမခံမှ အမှုဆောင်အရာရှိကြီးများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အာမခံထားသူများ တက်ရောက်ခဲ့ကြပါသည်။

ယန်းအာမခံမှ မန္တလေးမြို့ရှိ ဦးဉာဏ်ထွန်း ၏ နေအိမ်ထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ (၄,၅၀၀,၀၀၀) တိတိကို အဆိုပါပွဲတွင် ပေးအပ်ခဲ့ပါသည်။

ယန်းအာမခံမှ ပေးအပ်သည့် ဤလျော်ကြေးငွေသည် ငလျင်ဒဏ်သင့် ပြည်သူများ ဘဝပြန်လည်တည်ဆောက်ရာတွင် မရှိမဖြစ်လိုအပ်သော အထောက်အပံ့တစ်ခု ဖြစ်စေရန် ရည်ရွယ်ပါသည်။