ငလျင်အတွင်း E.V ကားထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ (၁,၆၀၀,၀၀၀) တိတိပေးအပ်ခြင်း

Posted Date : 2025-06-18

ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော အာမခံထားသူများအတွက် လျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့ ယန်းအာမခံမှ အမှုဆောင်အရာရှိကြီးများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အာမခံထားသူများ တက်ရောက်ခဲ့ကြပါသည်။

ယန်းအာမခံမှ မန္တလေးမြို့ရှိငလျင်အတွင်း E.V ကားထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ (၁,၆၀၀,၀၀၀) တိတိကို အဆိုပါပွဲတွင် ပေးအပ်ခဲ့ပါသည်။

ယန်းအာမခံမှ ပေးအပ်သော ဤလျော်ကြေးသည် ငလျင်ဒဏ်ခံစားရသူများ ဘဝပြန်လည်တည်ဆောက်ရန်အတွက် အဓိကကျသော အထောက်အပံ့တစ်ခု ဖြစ်စေရန် ရည်ရွယ်ပါသည်။