ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော အာမခံထားသူများအတွက် လျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ယန်းအာမခံမှ အမှုဆောင်အရာရှိကြီးများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အာမခံထားသူများ တက်ရောက်ခဲ့ကြပါသည်။
ယန်းအာမခံမှ မန္တလေးမြို့ရှိ ဦးအေးချိုနှင့် ဒေါ်သီတာတို့ ၏ အဆောက်အအုံထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ (၉၆၄,၀၀၀) တိတိကို အဆိုပါပွဲတွင် ပေးအပ်ခဲ့ပါသည်။
ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ယန်းအာမခံမှ ပေးအပ်ခဲ့သည့် ဤလျော်ကြေးငွေသည် ဘေးဒဏ်သင့်ပြည်သူများ၏ ရေရှည်ပြန်လည်ထူထောင်ရေးနှင့် တည်ငြိမ်မှုအတွက် အခြေခံအုတ်မြစ်တစ်ခုကို ချမှတ်ပေးလိမ့်မည်ဟု မျှော်လင့်ပါသည်။