Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

“အာမခံလျော်ကြေးငွေ သိန်း(၅၀၀) ပေးအပ်ခြင်း”

Category : Our CSR | Date : March 23, 2020

ကျွန်မတို့ ‘ယမ်းအာမခံ’ ဟာ အာမခံထားရှိသူ ပြည်သူ/သားများရဲ့ အကျိုးစီးပွားကို အမြဲလိုလိုရှေးရှုပြီး အာမခံလျော်ကြေးငွေများကို အစဉ်တစိုက် တိကျမှန်ကန်စွာ ပေးချေခဲ့တာ အားလုံးသိရှိပြီးသား ဖြစ်မယ်လို့ ယုံကြည်ပါတယ်...

ယခုဆိုရင်လည်း အလုံးစုံမော်တော်ယာဉ် အာမခံထားရှိသူ ဦးကောင်းဇေမှုး၏ မော်တော်ယာဉ်ဖြစ်သော ယာဉ်အမှတ် 4J- ……. သည် (၁၉-၁၁-၂၀၁၉) ရက်နေ့ (၁၅:၃၀)အချိန်ခန့်တွင် ဟင်္သာတကားဂိတ်မှ စတင်ထွက်ခွာလာရာ အချိန် (၁၇:၀၀) ခန့် ၊ ဓနုဖြူမြို့နယ် ၊ ဇီးဖြူကုန်းကျေးရွာအနီး မိုင်တိုင် ၂၄/၂ အရောက်တွင် ယာဉ်မောင်း ဦးအောင်ထက်ကျော် သည် ညာဘက်ဘေးမှန်ကို ကြည့်လိုက်ရာ ယာဉ်၏အနောက်ဘက်မှ မီးခိုးများထွက်လာသောကြောင့် ယာဉ်ကိုလမ်းဘေးသို့ ချရပ်၍ အင်ဂျင်စက်ခန်းကိုဖွင့်ကြည့်ရာ အင်ဂျင်ခန်းမှ မီးခိုးများထွက်လာပြီးနောက် ယာဉ်တစ်စီးလုံးနီးပါး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါသည်...

ယခုမီးလောင်မှုဖြစ်စဉ်အား ယမ်းအာမခံမှ အာမခံပညာရှင်များသာမက နိုင်ငံခြားမှ အာမခံပညာရှင်များပါ လက်တွေစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ..စစ်ဆေးတွေ့ရှိချက်များအရ ဦးကောင်းဇေမှုး၏ နစ်နာဆုံးရှုံးမှုကို အကောင်းမွန်ဆုံး ပြန်လည်ဖြည့်တင်းပေးနိုင်စေရန်အလို့ငှာ ကျွန်မတို့ယမ်းအာမခံမှ ဦးကောင်းဇေမှုးအား မော်တော်ယာဉ်အလုံးစုံအာမခံ လျော်ကြေးငွေ သိန်း(၅၀၀) (သိန်းငါးရာတိတိ)ကို ပေးလျော်ခဲ့ပါတယ်...

အာမခံစနစ်ကြောင့် အာမခံထားရှိသူ ပြည်သူ/သားအပေါင်း စိတ်အေးချမ်းသာနိုင်ကြပါစေ...

“တိကျမြန်ဆန်...ယမ်းအာမခံ”