Traffic collision

မတော်တဆ ယာဉ်တိုက်မှုဖြစ်ခဲ့ရင် ဘာတွေလုပ်ရမလဲ?


Articles, Posts May 11, 2021 10:05 am

လူကြီးမင်းတို့ဟာ ကိုယ်ပိုင်ကားမောင်းသူ (သို့မဟုတ်) အငှားမော်တော်ယာဉ်မောင်းသူများဆိုရင် အခုပြောပြမယ့် အကြောင်းအရာလေးကို အဆုံးထိ ဖတ်ကြည့်စေချင်ပါတယ်...

မော်တော်ကားတွေဟာ စက်ပစ္စည်းတွေ ဖြစ်တာကြောင့် မတော်တဆ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့ရနိုင်ပါတယ်..မော်တော်ယာဉ်မတော်တဆမှုဖြစ်တယ်ဆိုရင်တော့ ဘယ်သူမဆို အနည်းနဲ့အများ စိတ်ပူတာပြီးတော့ ဘာလုပ်လို့ဘာကိုင်ရမှန်မသိတွေ ဖြစ်တတ်ကြပါတယ်…

ဒါကြောင့် မတော်တဆ ယာဉ်တိုက်မှုဖြစ်ခဲ့သည်ရှိသော် မှန်ကန်တဲ့နည်းလမ်းအတိုင်းဆောင်ရွက်နိုင်ဖို့ နည်းလမ်းအချို့ မျှဝေလိုက်ပါတယ်…

၁.စိတ်တည်ငြိမ်အောင် ထားပါ
လူတွေဟာစိတ်လှုပ်ရှားစရာကိစ္စတစ်ခုခု ကြုံလာရပြီဆိုရင် ဂယောင်ချောက်ချားတွေဖြစ်တတ်ကြတယ်… စိတ်ဂနာမငြိမ်တော့ဘူးဆိုရင် အမှားတွေလုပ်မိတတ်ကြပါတယ်…. ဒါကြောင့် ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ထားပါနော်…

၂. အရေးပေါ်လူနာတင်ယာဉ်ခေါ်ပါ
ချက်ချင်းကုသ ရမယ့်ထိခိုက်မှုအခြေအနေ ရှိနိုင်ပါတယ်… ထိခိုက်ဒဏ်ရာများတယ်ဆိုရင် တော့ အရေးပေါ်လူနာတင်ယာဉ် ကိုအမြန်ဆုံးခေါ်ပါ…

၃.သက်ဆိုင်ရာ ရဲကိုအကြောင်းကြားပါ
ယာဉ်မတော်တဆမှုသေးသေးလေးပဲဖြစ်ဖြစ် ၊ ကြီးကြီးမားမားပဲဖြစ်ဖြစ် သက်ဆိုင်ရာ ရဲကိုအကြောင်းကြားသင့်ပါတယ်… ဒါမှသာ ဥပဒေနဲ့အညီ ညှိနှိုင်းဆောင်ရွက်နိုင်မှာဖြစ်ပါတယ်…

၄. သက်သေအချက်အလက်တွေ စုဆည်းထားပါ
မတော်တဆမှုနဲ့ ပတ်သက်တဲ့ သက်သေအချက်အလက်တွေမှန်သမျှကို ရနိုင်သမျှရအောင် ယူထားပေးပါ… ဥပမာ ကားဘယ်သူမောင်းတာလဲ? လမ်းအခြေအနေ ဘယ်လိုရှိလဲ? အရှိန်နှုန်းဘယ်လောက်နဲ့ မောင်းခဲ့လဲ? မော်တော်ယဉ်နံပါတ် ၊ တိုက်မိထားတဲ့ပုံ စတာတွေကို ရနိုင်သမျှရအောင် ယူထားပေးပါ…

၅. မတော်တဆ ဖြစ်တဲ့နေရာမှာပဲ ရှိနေပါ
မတော်တဆ တိုက်ထားတဲ့ကားဟာ မီးထလောင်တာမျိုး ၊ ဆီတွေယိုစိမ့်လာတာမျိုးတွေ အချိန်မရွေး ဖြစ်လာနိုင်ပါတယ်…. ဒါကြောင့် ဘယ်လို တာဝန်ယူစောင့်ရှောက်မှုမျိုးမှမရသေးခင် ကားရဲ့ အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်နေရာကနေ ဘယ်မှမသွားဘဲ စောင့်ကြည့်နေပါ…

၆. အာမခံ ကုမ္ပဏီကို အကြောင်းကြားပါ
မိတ်ဆွေတို့က ကားအာမခံယူထားတယ်ဆိုရင် အာမခံ ကုမ္ပဏီကိုအမြန်ဆုံး အကြောင်းကြားပါ…. နစ်နာမှုတွေအတွက် အာမခံကုမ္ပဏီမှ အခွင့်အရေးတွေပြန်လည် ပေးအပ်မှာဖြစ်ပါတယ်….

တကယ်လို့သာ မိတ်ဆွေတို့က ကားအာမခံယူမထားဘူးဆိုရင်တော့ များစွာသောနစ်နာဆုံးရှုံးမှုတွေ ဖြစ်သွားနိုင်ပါတယ် …

ဒါကြောင့် မော်တော်ယာဉ်မတော်တဆမှုတွေ ဖြစ်လာခဲ့သည်ရှိသော် အာမခံအခွင့်အရေးတွေ ရရှိနိုင်ဖို့အတွက် အာမခံထားရှိဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်...

‘တိကျမြန်ဆန်...ယမ်းအာမခံ’