cargo-insurance

ကုန်ပစ္စည်းများ အာမခံလက်ခံရာတွင် သိသင့်သောအချက်များ


Articles, Posts May 11, 2021 12:43 pm

“ယမ်းအာမခံ” မှ မိတ်ဆွေများအတွက် ကုန်ပစ္စည်းများကို မီးအာမခံလက်ခံရာတွင် လိုက်နာရမယ့်နည်းလမ်းအချို့ကို မျှဝေပေးလိုက်ပါတယ်… ကျွန်တော်တို့နိုင်ငံမှာ Agreed Value ကိုလက်ခံကြပြီး ပိုပြီးထိရောက်စေဖို့ Declaration Basic ကိုလည်း ရွေးချယ်နိုင်ပါသေးတယ်...

ဆက်ပြီး အာမခံတန်ဖိုးစီစစ်ပုံကို အရင်ဆုံးတင်ပြပါရစေ… မီးအာမခံမှာ အဆောက်အဦးအတွက် ရာဖြတ်အစီရင်ခံစာ (Assessors Report) ကို အခြေခံလို့ရပါတယ်… ယခုအခါ ကုန်ပစ္စည်းတန်ဖိုး၊ စက်ပစ္စည်းတန်းဖိုးနဲ့ ပရိဘောဂတန်ဖိုးတွေကို စီစစ်ဖို့ခက်လာတာကြောင့် အဝယ်ပြေစာ (Invoice) သို့မဟုတ် Sale Contract တို့ကိုတောင်းယူရပါတယ်…

အကယ်၍ တန်ဖိုးအထောက်အထား ပေးဖို့ခက်နေရင်လည်း Agreed Value ကို လက်ခံတဲ့ policy ဖြစ်တာနဲ့အညီ Price List နဲ့လည်းလက်ခံပြီး အာမခံထားသူဆီက ခံဝန်ယူထားပြီးရင်ပဲ လုံလောက်ပြီလို့ပြောပါရစေ… ဒါဆိုရင် ဘယ်လိုခံဝန်ယူရမလဲ!!

ယခုအာမခံထားသည့်အချိန်က ဈေးနှုန်းမှာ အမှန်တကယ်ပေါက်ဈေးဖြစ်ပြီး အကယ်၍ဆုံးရှုံးမှု ပေါ်ပေါက်ခဲ့ချိန်မှာတော့ အမှန်တကယ်ပေါက်ဈေး သို့မဟုတ် အာမခံထားတဲ့တန်ဖိုးထက် ကျော်လွန်နေရင် လျော်ကြေးမရနိုင်တာကို သိရှိရပါတယ်… ဒီလိုအခြေအနေမျိုးမှာဆိုရင်တော့အာမခံထားသူရော အာမခံလက်ခံသူပါ အဆင်ပြေမယ်လို့ တင်ပြပါရစေ…

ဆက်ပြီး ကုန်ပစ္စည်းများအား အထပ်ခွဲပြီး အာမခံလက်ခံတဲ့ ကိစ္စကိုတင်ပြပေးပါမယ်… ယခင်က အဆောက်အဦးတွေ အာမခံလက်ခံရာမှာ ဥပမာ- သုံးထပ်အဆောက်အဦးကို သိန်းတစ်ထောင်နဲ့ အာမခံထားသည်ဆိုပါစို့…

အကြောင်းအမျိုးမျိုးကြောင့် တစ်ထပ်ထပ်မှာ claim ပေါ်ရင် ဘယ်အထပ်က ဘယ်လောက်တန်တယ်ဆိုတဲ့ အငြင်းပွားမှု မရှိရလေအောင် Principle မှာမပါပေမယ့် ထပ်ဆင့်အပိုစည်းကမ်းထုတ်ပြီး လက်ခံတာအပြင် Report မှာ အထပ်ဘယ်လောက်ဆိုတာပါပေမယ့် အဆောက်အဦးကို အထပ်ခွဲပြီးတန်ဖိုးဖော်ပြတာ ပိုသင့်တော်ပါတယ်…

ဒါပေမယ့် Terms & Conditions မှာရော Principle မှာပါ အထပ်ခွဲရမယ်လို့ ကန့်သတ်ချက်မရှိရင် အာမခံထားသူနဲ့ အာမခံလက်ခံသူတို့ သဘောတူရင်ရပါပြီ… ကုန်ပစ္စည်းတွေမှာတော့ အာမခံထားသူက တစ်ဦးတည်းဖြစ်မယ်ဆိုရင်တော့ အထပ်မခွဲသင့်ပါဘူး…

တချို့ Work in process တွေမှာတောင် ကုန်ပစ္စည်းတွေကို တစ်နေရာကနေ တစ်နေရာကူးရင် လျော်နိုင်ဖို့ Floating policy တောင် လက်ခံဖို့ကြိုးစားသင့်တဲ့အချိန်မှာ အထပ်ခွဲတဲ့ကိစ္စအတွက်နဲ့ အာမခံရဲ့အနှစ်သာရတွေ မပျောက်ဆုံးသင့်ကြောင်း အကြံပြုရေးသားတင်ပြလိုက်ရပါတယ်…

“ တိကျမြန်ဆန် ယမ်းအာမခံ ”