ပင်မစာမျက်နှာ » အထွေထွေအာမခံ » ငွေသားလုံခြုံမှုအာမခံ

ငွေသားလုံခြုံမှုအာမခံ

ငွေသားလုံခြုံမှုအာမခံဆိုသည်မှာ လုပ်ငန်းတွင်ရှိသောမီးခံသေတ္တာထဲတွင်သိမ်းဆည်းထားသည့်ငွေများ ဆုံးရှုံးမှုအတွက် လျော်ကြေးပေးရန် တာဝန်ယူသော အာမခံအမျိုးအစားဖြစ်ပါသည်။

အာမခံသက်တမ်း
အာမခံသက်တမ်း (၁) ရက်မှ (၁)နှစ်ထိ ထားရှိနိုင်ပါသည်။
ပရီမီယံနှုန်းထား
အစိုးရဌာနများ - ဝ.၅%
ပုဂ္ဂလိကဘဏ်များ - ဝ.၂%
ပုဂ္ဂလိကလုပ်ငန်း၊သမဝါယမအဖွဲ့အစည်း - ၁%
အာမခံထားရှိရန်အတွက်
အဆိုလွှာ
နေ့စဉ်အသွင်း အထုတ်စာရင်းမှတ်တမ်း နှင့် Bank Statement
လျော်ကြေးတောင်းခံရာတွင် လိုအပ်ချက်များ
ယမ်းအာမခံ သို့ချက်ချင်းအကြောင်းကြားစာ
ဖောက်ထွင်းခိုးယူခံရကြောင်း ပြည်သူ့ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်း ထောက်ခံချက်
ယမ်းအာမခံ၏ ထောက်ခံချက်
ဆုံးရှုံးမှုဖြစ်မီ နေ့စဉ်ငွေသွင်းငွေထုတ်မှတ်တမ်း
ငွေသယ်ဆောင်ခြင်းမပြုမီ ငွေသေတ္တာထဲရှိ ငွေကြေးတန်ဖိုး
သက်ဆိုင်ရာဌာနစုံစမ်းစစ်ဆေးချက် Report