မော်တော်ယာဉ်အာမခံ လျော်ကြေးငွေ ငါးရာ့ငါးဆယ်သိန်းတိတိ ပေးအပ်ခဲ့ခြင်း

Posted Date : 2026-07-07

ယန်းအာမခံအနေဖြင့် အာမခံထားရှိသူများအား အခက်အခဲကြုံတွေ့ရချိန်တွင် အမြန်ဆုံးနှင့် အထိရောက်ဆုံး ကူညီပံ့ပိုးပေးနိုင်ရန် အစဉ်အမြဲ ဦးစားပေးဆောင်ရွက်လျက်ရှိပါသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတစ်ခုတွင်လည်း ယန်းအာမခံ၌ အာမခံထားရှိထားသည့် မော်တော်ယာဉ်မှာ သာကေတမြို့နယ်၊ (၈) ရပ်ကွက်မှ တောင်ဒဂုံမြို့နယ်၊ ဧရာချမ်းသာကွန်ဒိုသို့ အပြန်လမ်းခရီးတွင် ယာဉ်အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောရှိ ကွန်ကရစ်တုံးအား ဝင်ရောက်တိုက်မိခဲ့သည့်အတွက် ယာဉ်အကြီးစား ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

အဆိုပါ မတော်တဆမှုဖြစ်ပွားပြီးနောက် ယန်းအာမခံမှ ချက်ချင်းကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး၊ အာမခံမူဝါဒပါ စည်းကမ်းချက်များနှင့်အညီ ယာဉ်ထိခိုက်ပျက်စီးမှုအတွက် လျော်ကြေးငွေ ကျပ် ၅၅,၀၀၀,၀၀၀ (ငါးရာ့ငါးဆယ်သိန်းတိတိ) ကို အမြန်ဆုံး ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။