နေပြည်တော်၊ အလုပ်သမားရုံးသို့ ငလျင်ဒဏ်ခံဒေသများအတွက် Young Group မှ ပစ္စည်းများသွားရောက်လှုဒါန်း

Posted Date : 2025-04-02

မတ်လ (၂၈) နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကိုခံစားခဲ့ကြရသော နေပြည်တော်၊ အလုပ်သမားရုံး မိဘပြည်သူများအတွက် ရည်ရွယ်ကာ Young Group မှဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဧပရယ်လ၊ (၂) ရက်နေ့တွင် နေပြည်တော်၊ အလုပ်သမားရုံး သို့ အားသွင်းမိီးလုံးနှင့် အားသွင်းဓါတ်မီး အစရှိသည့် အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှုဒါန်းခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့်ခံစားခဲ့ရသော မြန်မာပြည်သူပြည်သားများအားလုံး ကပ်ဘေးအန္တရာယ်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့ Young Group မှဆုတောင်းလိုက်ရပါတယ်။