မန္တလေးဆေးရုံကြီးမှ လူနာများအတွက် Young Group မှ လိုအပ်သည့် ပစ္စည်းများထောက်ပံ့လှူဒါန်း

Posted Date : 2025-04-04

မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်းအားပြင်းငလျင်ကြောင့် မန္တလေးမြို့အတွင်း ထိခိုက်ပျက်စီးခဲ့ရသော ဒေသခံပြည်သူများနှင့် ဆေးရုံကြီးရှိလူနာများအတွက် Young Group ရဲ့ဌာနခွဲများဖြစ်ကြတဲ့ Young Insurance ၊ EFT ၊ UniPay နှင့် YTV ဌာနမှဝန်ထမ်းများမှလိုအပ်တဲ့အထောက်အပံ့များဖြစ်တဲ့ ဆန်၊ဆား၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ဖာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို မန္တလေးမြို့ရှိ မန္တလေးဆေးရုံးကြီးသို့ ၂၀၂၅ ၊ ဧပရယ်လ၊ (၄) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါတယ်။

“YOUNG Group မိသားစု” အနေနဲ့ မြန်မာပြည်သူပြည်သားများးနဲ့အတူ အေးအတူပူအမျှရှိနေမှာဖြစ်ပြီး မြေငလျင်ဒဏ်သင့်ဒေသများအားလုံး အမြန်ဆုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။