ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသော အာမခံထားသူများအတွက် လျော်ကြေးငွေများ ပေးအပ်ခြင်း အခမ်းအနားကို ဇွန်လ ၁၈ ရက်နေ့က အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ယန်းအာမခံမှ အမှုဆောင်အရာရှိကြီးများ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရသည့် အာမခံထားသူများ တက်ရောက်ခဲ့ကြပါသည်။
ယန်းအာမခံမှ မန္တလေးမြို့ရှိ ဒေါ်မြတ်မွန်အေးနှင့် ဒေါ်သန်းငြိမ်းအေးတို့၏ နေအိမ်အဆောက်အအုံထိခိုက်ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေ (၄၂,၀၀၀,၀၀၀) တိတိကို အဆိုပါပွဲတွင် ပေးအပ်ခဲ့ပါသည်။