Author Archives: Myo Paing

1 2 3

နေပြည်တော်ရှိ မြေငလျင်သင့်နေရာဒေသများသို့ ယန်းအဖွဲ့သားများမှ ရေလှူဒါန်း

နေပြည်တော်မြေငလျင်သင့်နေရာများနှင့် အရေးတကြီးရေလိုအပ်လျက်ရှိသော ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဝန်ထမ်းအိမ်ရာများအတွက် သောက်သုံးရေများကို ယန်းအာမခံအဖွဲ့မှ ကိုယ်တိုင်သွားရောက်လှုဒါန်းမှုများပြုလုပ်ခဲ့ပါသည်။

ယန်းအာမခံအဖွဲ့သည် မိဘပြည်သူများလုံခြုံမှုအတွက်သာမက ချစ်ခြင်းမေတ္တာနှင့် မျှဝေမှုတို့ဖြင့် ပြည်သူများနှင့်တသားတည်းအတူ ရှိနေပါသည်။

ပညာရေး ဝန်ထမ်း အိမ်ယာ Ground ကန်အား ဖြည့်ပေးခဲ့ခြင်း

NDB Bank သို့ ရေလှူဒါန်းခြင်း

အထက (၇) ကျောင်းဝင်း စုရပ်အား ရေလှူဒါန်းခြင်း

အထက (၇) ကျောင်းရှိ စုရပ်အတွင်း ကန်များအား ဖြည့်ပေးခဲ့ခြင်း

ဥတ္တရ ချင်းရွာဘက် သို့ ရေလှူဒါန်းခြင်း

ကံ့ကော်အိမ်ယာ ground ကန်ထဲသို့ ရေဖြည့်ပေးခြင်း

နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ယန်းအဖွဲ့သားများမှ သွားရောက်လှူဒါန်း

နေပြည်တော်မြေငလျင်သင့်နေရာများမှ တစ်ခုဖြစ်သော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ Power Station များ၊ Power Bank များနှင့် လျှပ်စစ်ပန်ကာအစရှိသော လျှပ်စစ်ပစ္စည်းများကို ယန်းအာမခံအဖွဲ့မှ ကိုယ်တိုင်သွားရောက်ထောက်ပံ့လှုဒါန်းခဲ့ပါသည်။

လျှပ်စစ်စနစ်ပြတ်တောက်နိုင်သော အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်စေရန်နှင့် ပြည်သူလူထုများ ဘေးအန္တရာယ်မှ ကင်းဝေးစေနိုင်ရန်အတွက် ရည်ရွယ်ကာထောက်ပံ့ပေးအပ်ခဲ့ပါသည်။

မြန်မာပြည်သူများအား အနာဂတ်အချိန်များတွင် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။

နေပြည်တော်ရှိ ဘူးကွဲဝန်ထမ်းအိမ်ရာ အ.ထ.က (၁၁) သို့ ယန်းအဖွဲ့သားများမှ သွားရောက်လှူဒါန်း

မြေငလျင်သင့်ဒေသတစ်ခုဖြစ်သော နေပြည်တော် ဘူးကွဲဝန်ထမ်းအိမ်ရာ အ.ထ.က (၁၁) တွင် အရေးပေါ်လိုအပ်လျက်ရှိသော လျှပ်စစ်မီးနှင့် အားသွင်းစနစ်များရရှိနိုင်စေရန်အတွက် ယန်းအာမခံမှ ပံ့ပိုးမှုတစ်ခုအနေဖြင့် Portable Power Station များ၊ Power Bank များနှင့် လျှပ်စစ်ပန်ကာများကို သွားရောက်လှူဒါန်းထောက်ပံ့ခဲ့ပါသည်။

ပြည်သူများအားလုံး သဘာဝဘေးအန္တရာယ်များကြားမှကင်းလွတ်ပြီး ငြိမ်းချမ်းသောဘဝများရရှိနိုင်ကြပါစေကြောင်း ယန်းအာမခံမှ ဆုတောင်းအပ်ပါသည်။

မန္တလေးရှိ အရိုးအထူးကုဆေးရုံကြီးမှ လူနားများအတွက် Young Group မှ ပစ္စည်းများထောက်ပံ့လှုဒါန်းခြင်း

ငလျင်ဘေးသင့်သူများအား လူသားချင်းစာနာသောအားဖြင့် ဧပြီလ ၄ရက်နေ့က YOUNG Group ရဲ့ဌာနအောက်မှာရှိတဲ့အဖွဲ့သားများမှ မန္တလေးမြို့ရှိ အရိုးအထူးကုဆေးရုံးကြီးသို့ ဆန်၊ဆား၊အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ဖာ စတာတွေကို YOUNG Group ရဲ့ဌာနခွဲများဖြစ်ကြတဲ့ Young Insurance ၊ EFT ၊ UniPay နှင့် YTV Free to Air ဌာနမှဝန်ထမ်းများသွားရောက်လှူဒါန်းခဲ့ပါတယ်။

Young Group အနေဖြင့် တစ်ဖက်တစ်လှမ်းမှ ပါဝင်ကူညီပေးရင်းဆုံးရှုံးမှုများလျော့နည်းပြီးအသက်ဘေးအန္တရာယ်အမြန်ကင်းဝေးကြပါစေလို့ YOUNG Goup မှဆုမွန်ကောင်းပြုလိုက်ပါတယ်။

မန္တလေးဆေးရုံကြီးမှ လူနာများအတွက် Young Group မှ လိုအပ်သည့် ပစ္စည်းများထောက်ပံ့လှူဒါန်း

မတ်လ ၂၈ ရက်နေ့ကလှုပ်ခတ်ခဲ့သော အင်းအားပြင်းငလျင်ကြောင့် မန္တလေးမြို့အတွင်း ထိခိုက်ပျက်စီးခဲ့ရသော ဒေသခံပြည်သူများနှင့် ဆေးရုံကြီးရှိလူနာများအတွက် Young Group ရဲ့ဌာနခွဲများဖြစ်ကြတဲ့ Young Insurance ၊ EFT ၊ UniPay နှင့် YTV ဌာနမှဝန်ထမ်းများမှလိုအပ်တဲ့အထောက်အပံ့များဖြစ်တဲ့ ဆန်၊ဆား၊ အာလူး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်ဖာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို မန္တလေးမြို့ရှိ မန္တလေးဆေးရုံးကြီးသို့ ၂၀၂၅ ၊ ဧပရယ်လ၊ (၄) ရက်နေ့တွင် သွားရောက်လှူဒါန်းခဲ့ပါတယ်။

“YOUNG Group မိသားစု” အနေနဲ့ မြန်မာပြည်သူပြည်သားများးနဲ့အတူ အေးအတူပူအမျှရှိနေမှာဖြစ်ပြီး မြေငလျင်ဒဏ်သင့်ဒေသများအားလုံး အမြန်ဆုံးဘေးအန္တရာယ်ကင်းရှင်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။

မန္တလေးရှိ YOUNG Group မှ ငလျင်ဒဏ်ခံဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့

YOUNG Group မှာ အလုပ်လုပ်ကိုင်နေကြတဲ့ မန္တလေးမြို့ရှိ ဝန်ထမ်းများအတွက် မြက်ဖျာ၊ ခြင်ထောင်၊ကော်ဖီထုတ်၊ ခေါက်ဆွဲခြောက်၊ ဘီစကစ်မုန့်၊ ဆန်၊ ဆီ၊ ဆား၊ အာလူး၊ ကြက်ဥ စတဲ့ ပစ္စည်းတွေကို ထောက်ပံံ့ခဲ့ပါတယ်။

အမြန်ဆုံးပြန်လည်အဆင်ပြေပြီး နောက်နောင်များလည်း သဘာဝဘေးအန္တရာယ်များ ကင်းဝေးကြစေကြောင်း ဆုတောင်းပေးရင်း YOUNG Group မှ ဝန်ထမ်းများနှင့် တစ်သားတည်းရှိနေကြောင်းအသိပေးအပ်ပါသည်။

နေပြည်တော်ရှိ YOUNG Group မှ ငလျင်ဒဏ်ခံဒေသများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများအား လိုအပ်သည့် ပစ္စည်းများ ထောက်ပံ့

YOUNG Group မှာ အလုပ်လုပ်ကိုင်နေကြတဲ့ ဝန်ထမ်းများအတွက် မြက်ဖျာ၊ခြင်ထောင်၊ ကော်ဖီထုတ်၊ ခေါက်ဆွဲခြောက်၊ ဘီစကစ်မုန့် စတဲ့ ပစ္စည်းတွေကို ၂၀၂၅ ခုနှစ်၊ ဧပရယ်လ၊ (၂) ရက်နေ့တွင် နေပြည်တော်ရှိ Nirvana Hotel မှာ ပေးအပ်ထောက်ပံ့ခဲ့ပါတယ်။

ကြုံတွေခဲ့ရသော သဘာဝဘေးအန္တရာယ်များ ကင်းဝေးကြစေကြောင်း ဆုတောင်းပေးရင်း YOUNG Group မှ ဝန်ထမ်းများနှင့် အတူရှိနေကြောင်းကိုအသိပေးအပ်ပါသည်။

နေပြည်တော်၊ အလုပ်သမားရုံးသို့ ငလျင်ဒဏ်ခံဒေသများအတွက် Young Group မှ ပစ္စည်းများသွားရောက်လှုဒါန်း

မတ်လ (၂၈) နေ့တွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်ဒဏ်ကိုခံစားခဲ့ကြရသော နေပြည်တော်၊ အလုပ်သမားရုံး မိဘပြည်သူများအတွက် ရည်ရွယ်ကာ Young Group မှဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ ဧပရယ်လ၊ (၂) ရက်နေ့တွင် နေပြည်တော်၊ အလုပ်သမားရုံး သို့ အားသွင်းမိီးလုံးနှင့် အားသွင်းဓါတ်မီး အစရှိသည့် အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှုဒါန်းခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့်ခံစားခဲ့ရသော မြန်မာပြည်သူပြည်သားများအားလုံး ကပ်ဘေးအန္တရာယ်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့ Young Group မှဆုတောင်းလိုက်ရပါတယ်။

Young Group မှဦးဆောင်၍ နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် သို့ ငလျင်ဒဏ်သင့်ပြည်သူများအတွက် လှုဒါန်း

Young Group လက်အောက်ရှိဌာနခွဲများဖြစ်သော Young Insurance, UNIPAY, EFT နှင့် YTV ဌာနများမှ
နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဌာနရှိ ငလျင်ဒဏ်သင့်မိဘပြည်သူများအတွက် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ ငါးသေတ္တာ၊ အာလူး၊ ကြက်ဥ အစရှိသည့် လိုအပ်သောပစ္စည်းများကို ၂၀၂၅ ခုနှစ်၊ ဧပရယ်လ၊ (၂) ရက်နေ့တွင် နေပြည်တော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဌာနသို့ ဝန်ထမ်းများကိုယ်တိုင် သွားရောက်လှုဒါန်းခဲ့ပါတယ်။

မြန်မာပြည်သားများ ကြုံတွေ့ခဲ့ရသော ကပ်ဆိုးဘေးမှ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ Young Group မှ ဆုတောင်းပေးလိုက်ပါတယ်။