Phone09 45770 0011 Monday - Friday9AM - 5PM OfficeNo.886/888, Pyay Road, 9 Miles, Yangon.
OfficeNo.886/888, Pyay Road, 9 Miles, Mayangone Tsp, Yangon.
Mail Toinfo@younggeneralmm.com
Phone09 4577 00 110
Monday - Friday9AM - 5PM

ငွေသားလုံခြုံမှု အာမခံ (Cash In Safe Insurance)

Category : Article, Insurance | Date : June 4, 2019

သင်ဟာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်သာဖြစ်ခဲ့မယ်ဆိုရင် သင်ပိုင်ဆိုင်တဲ့ ငွေကြေးဥစ္စာများနဲ့ ပက်သက်ပြီး စိုးရိမ်ပူပန်မှုများ ရှိနိုင်ပါတယ်

ရေ၊ မီး၊ မင်း၊ ခိုးသူ၊ မချစ်မနှစ်သက်သောသူ စတဲ့ ရန်သူမျိုး(၅)ပါး ရဲ့ အန္တရာယ်မှ မလွတ်ကင်းမှာဆိုးလို့ ပူပန်ရသလို...ဘယ်အချိန်မှာဘယ်လိုအကြောင်းတရားကြောင့် ပျက်စီးရမလဲဆိုတာကိုပါ တွေးပူနေရတာမျိုးတွေ ဖြစ်နိုင်ပါတယ်

ဒါပေမယ့် မစိုးရိမ်ပါနဲ့...

ကျွန်တော်တို့ ယမ်းအာမခံမှ ဝန်ဆောင်မှူပေးသော ငွေသားလုံခြုံမှူအာမခံ(Cash In Safe Insurance) ကိုသာ ဝန်ဆောင်မှူ ယူထားမယ်ဆိုရင်တော့ ဒီလိုအခက်အခဲတွေကနေ လွတ်ကင်းပြီး ကိုယ်ရောစိတ်ပါ ချမ်းသာနိုင်မယ်ဆိုတာ အာမခံပါတယ်

ဒီတော့ ကျွန်တော်တို့ယမ်းအာမခံမှ ဝန်ဆောင်မှုပေးသော ငွေသားလုံခြုံမှူအာမခံ အကြောင်းကို မိတ်ဆက်ပေးပါရစေ

ငွေသားလုံခြုံမှုအာမခံဆိုတာ...မိမိပိုင်ငွေသားပစ္စည်းများကို ဖောက်ထွင်းခိုးယူခံရခြင်း ၊ လုယက်ခံရခြင်း ၊ အတင်းအကြပ်ပြုခြင်းနှင့် အင်အားသုံးယူဆောင်ခြင်းတို့မှ ကာကွယ်ပေးသော အာမခံအမျိုးအစားတစ်ခုဖြစ်ပါတယ်

နိုင်ငံပိုင်၊ သမဝါယမပိုင် ဘဏ်များ၊ အခြားပုဂ္ဂလိကပိုင်လုပ်ငန်းရှင်များ၏ လက်ဝယ်ရှိငွေများ နှင့် လုပ်ငန်းတည်ရှိရာ နေရာတွင် သိမ်းဆည်းထားပြီးသော ငွေများကို တစ်ရက်မှ တစ်နှစ်အထိ အာမခံထားနိုင်ပါတယ်

လုပ်ငန်းအမျိုးအစားတည်နေရာ နှင့် ထားရှိမှုပုံစံတို့အပေါ်မူတည်ပြီး အာမခံထားငွေ၏ အနည်းဆုံး ၀.၂% မှ အများဆုံး ၁% အထိထားနိုင်ပါတယ်

ယနေ့ဖော်ပြပေးခဲ့တာကတော့ ငွေသားလုံခြုံမှုအာမခံအကြောင်းပဲဖြစ်ပါတယ်

ငွေသားလုံခြုံမှုအာမခံ နဲ့ ပက်သက်ပြီး အသေးစိတ်သိပြီးပြီဆိုတော့ သင့်ရဲ့ ပိုင်ဆိုင်မှုငွေကြေးများကို ဆုံးရှုံးမှုမဖြစ်ပေါ်ရအောင် ကျွန်တော်တို့ ယမ်းအာမခံနှင့် ပူးပေါင်းပြီး ငွေသားလုံခြုံမှူအာမခံကို ရယူလိုက်ပါလို့ တိုက်တွန်းလိုက်ရပါတယ်နော်...

ကျွန်တော်တို့အကြောင်း အသေးစိတ်သိရှိလိုပါက

Address: No (886/888), Pyay Road, 9 Mile, Mayangone Township, Yangon, Myanmar.
Hot Line (24/7) : 09 44 888 3311 / 3300
Phone : 09 4577 000 11 / 44
Email: info@younggeneralmm.com

တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်...