(၂၉) ကြိမ်မြောက် MIEGA အာစရိယပူဇော်ပွဲနှင့် ပြန်လည်ဆုံစည်းပွဲတွင် ယန်းအာမခံ ပါဝင်ပံ့ပိုး

Posted Date : 2025-11-30

မြန်မာနိုင်ငံစီးပွားရေးတက္ကသိုလ်ဘွဲ့ရများအသင်း (MIEGA) မှ ကြီးမှူးကျင်းပသော (၂၉) ကြိမ်မြောက် "အာစရိယပူဇော်ပွဲနှင့် ပြန်လည်ဆုံစည်းပွဲ" အခမ်းအနားကြီးကို ယန်းအာမခံ မိသားစုမှ ပါဝင်ပံ့ပိုးကူညီခဲ့ပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါပွဲကြီးတွင် အနန္တောအနန္တ ငါးပါးဝင် ကျေးဇူးရှင် ဆရာသမားများအား ရိုသေလေးစားစွာ ပူဇော်ကန်တော့ခဲ့ကြပြီး၊ အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ အာမခံဆိုင်ရာ သိကောင်းစရာ ဗဟုသုတများကို ရင်းနှီးပွင့်လင်းစွာ မေးမြန်းဆွေးနွေး ဖလှယ်နိုင်ခဲ့ကြပါသည်။

ထို့အပြင် ပွဲရက်အတွင်း ပျော်ရွှင်စရာ ဂိမ်းအစီအစဉ်များတွင်လည်း တပျော်တပါး ဝင်ရောက်ဆော့ကစားခဲ့ကြကာ အမှတ်တရ လက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့ပါသည်။