ဒီနေ့ သြဂုတ်လ ၄ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သင်တန်းဆင်းပွဲအခမ်းအနားမှာတော့ အာမခံလောကအတွင်း နှစ်ပေါင်း (၃၀) အတွေ့အကြုံရှိတဲ့ ဝါရင့်ဆရာကြီး ဦးလွင်ဦးကနေ သင်ကြားပေးခဲ့တဲ့ အာမခံဘာသာရပ်များအကြောင်းကို သင်တန်းသားများနှင့်အတူ ပြန်လည်ဆွေးနွေးပြီးနောက် အာမခံသင်တန်း ပြီးဆုံးကြောင်းလက်မှတ်များကို ပေးအပ်ခဲ့ပါတယ်။
တက်ရောက်ခဲ့ကြတဲ့ သင်တန်းသားများအားလုံးလည်း အာမခံလောကအတွင်း ကျွမ်းကျင်တဲ့အာမခံကိုယ်စားလှယ်များ ဖြစ်လာကြပါစေလို့လည်း ယန်းအာမခံက ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။



