ယန်းအာမခံ၏ အထွေထွေအာမခံကိုယ်စားလှယ်သင်တန်း အမှတ်စဉ် (၄) သင်တန်းဆင်းပွဲ ကျင်းပပြီးစီး

Posted Date : 2026-02-07

ယန်းအာမခံ (Young Insurance) ရုံးချုပ်၌ ဖေဖော်ဝါရီလ (၇) ရက်နေ့က "အထွေထွေအာမခံကိုယ်စားလှယ်သင်တန်း အမှတ်စဉ် (၄)" ၏ သင်တန်းဆင်းပွဲကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ဝါရင့်ဆရာကြီး ဦးလွင်ဦးက အာမခံဘာသာရပ်များကို သင်တန်းသားများနှင့်အတူ ပြန်လည်ဆွေးနွေးပေးခဲ့ပြီး၊ သင်တန်းဆင်းလက်မှတ်များကို ဂုဏ်ပြုပေးအပ်ခဲ့ပါသည်။ သင်တန်းကို အောင်မြင်စွာ တက်ရောက်ခဲ့ကြသည့် သင်တန်းသားများနှင့် သင်ကြားပေးခဲ့သော ဆရာ၊ ဆရာမများအားလုံးကို ယန်းအာမခံမှ အထူးကျေးဇူးတင်ရှိပါသည်။

သင်တန်းဆင်းသွားကြသူများအားလုံး အာမခံလောကအတွင်း ကျွမ်းကျင်ထက်မြက်သည့် ကိုယ်စားလှယ်ကောင်းများ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။