ယန်းအာမခံ နှင့် Dagon Medicare Hospital တို့ကြား နှစ်ဦးသဘောတူနားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးခြင်း

Posted Date : 2025-07-03

မြန်မာနိုင်ငံတဝှမ်း အာမခံဝန်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည့်ယန်းအာမခံအနေဖြင့် အာမခံအကာအကွယ်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေပြီး အာမခံအကာအကွယ်များ ပိုမိုရရှိစေနိုင်ဖို့ ရည်ရွယ်၍ ယန်းအာမခံ နဲ့ Dagon Medicare Hospital (ဒဂုံအထူးကုဆေးရုံကြီး) တို့ လက်တွဲပြီး သဘာတူညီမှုစာချွန်လွှာကို ဇူလိုင်က (၃) ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဤလက်မှတ်ရေးထိုးပွဲ၏ အဓိကရည်ရွယ်ချက်မှာ ယန်းအာမခံမှ ပေးအပ်သော အာမခံအကာအကွယ်များကို အကောင်းဆုံးနှင့် အထိရောက်ဆုံး ပံ့ပိုးပေးနိုင်ရန်အတွက် ဖြစ်ပါသည်။