နေပြည်တော်မြေငလျင်သင့်နေရာများမှ တစ်ခုဖြစ်သော လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနသို့ Power Station များ၊ Power Bank များနှင့် လျှပ်စစ်ပန်ကာအစရှိသော လျှပ်စစ်ပစ္စည်းများကို ယန်းအာမခံအဖွဲ့မှ ကိုယ်တိုင်သွားရောက်ထောက်ပံ့လှုဒါန်းခဲ့ပါသည်။
လျှပ်စစ်စနစ်ပြတ်တောက်နိုင်သော အရေးပေါ်အခြေအနေများတွင် အသုံးပြုနိုင်စေရန်နှင့် ပြည်သူလူထုများ ဘေးအန္တရာယ်မှ ကင်းဝေးစေနိုင်ရန်အတွက် ရည်ရွယ်ကာထောက်ပံ့ပေးအပ်ခဲ့ပါသည်။
မြန်မာပြည်သူများအား အနာဂတ်အချိန်များတွင် သဘာဝဘေးအန္တရာယ်များမှ ကင်းဝေးစွာ ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းအပ်ပါသည်။