နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) သို့ ငလျင်ဒဏ်ခံဒေသများအတွက် ပစ္စည်းများသွားရောက်လှုဒါန်း

Posted Date : 2025-03-31

အင်အားပြင်းငလျင်ဒဏ်ကိုခံစားခဲ့ကြရသော မိဘပြည်သူများအတွက် ရည်ရွယ်ကာ Young Group မှဦးဆောင်၍ ၂၀၂၅ ခုနှစ်၊ မတ်လ၊ (၃၁) ရက်နေ့တွင် နေပြည်တော်၊ စက်မှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၀) သို့ ဆီ၊ ရေသန့်၊ Power Bank များနှင့် ခေါက်ဆွဲခြောက် အစရှိတဲ့ အထောက်အကူပြုပစ္စည်းများကို ပေးအပ်လှုဒါန်းခဲ့ပါတယ်။

ငလျင်ဒဏ်ကြောင့်ခံစားခဲ့ရသော မြန်မာပြည်သူပြည်သားများအားလုံး ကပ်ဘေးအန္တရာယ်မှအမြန်ဆုံးလွတ်မြောက်ပါစေလို့ Young Group မှဆုတောင်းလိုက်ရပါတယ်။