(ရန်ကုန်၊ အောက်တိုဘာ ၁၉)။ ယန်းအာမခံ ဖွင့်လှစ်ခဲ့သော အရည်အချင်းပြည့်ဝသည့် အသက်အာမခံကိုယ်စားလှယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်သည့် "အသက်အာမခံကိုယ်စားလှယ်သင်တန်း အမှတ်စဉ် (၀၁/၂၀၂၅)" ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် သင်တန်းကို အောင်မြင်စွာ ပြီးဆုံးခဲ့သည့် သင်တန်းသား/သူများကို ဂုဏ်ပြုခဲ့ပြီး၊ အတွေ့အကြုံ နှစ် ၃၀ ရှိ ဝါရင့်ဆရာကြီး ဦးလွင်ဦးက သင်တန်းကာလ ၅ ရက်တာအတွင်း သင်ကြားပေးခဲ့သည့် အာမခံဘာသာရပ်များအကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။ ယင်းနောက် သင်တန်းပြီးဆုံးကြောင်း လက်မှတ်များကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။